*6*

3.3K 184 2
                                    

(Uni Ver...)
"သား ဂျောင်ဆိုး ဒီကောင်လေးကို ဘာလို့အနားခေါ်ထားတာလဲ ......."

"ရှင်းရှင်းလေးပါ ဒီကောင်လေးက သူ့အားနည်းချက်ဖြစ်နေလို့လေ မား......."

ဝိုင်ခွက်ကို အသာလှုပ်ရမ်းရင်းဆိုလိုက်သော  ဂျောင်ဆိုး။TVဖန်သားပြင်ထက်မှာပေါ်နေတဲ့ ထယ်ယောင်းရေချိုးနေသည်ကို မမှိတ်မသုန်စိုက်ကြည့်နေပြီး အကြည့်တစ်ချက်မှ မလွှဲပေ။

"အဲ့ကောင်လေး အားနည်းချက်မဟုတ်ပဲ မင်းသဘောကျနေလို့မလား ဂျောင်ဆိုး......."

"ကျွန်တော်က အဲ့ကောင်သဘောကျနဲ့သူတိုင်းကို လိုက်ကျစရာ ဘာစောက်ကြောင်းမှမရှိဖူး မား။ ဒီကောင်လေးက ပျော်စရာကောင်းလို့သာ ......"

"အဲ့ကောင်လေး သဘောကျလည်း ကျချင်စရာ ။ဒီကောင်လေးက တော်တော်ချောတာပဲ......."

"ချောပေမယ့်လည်း အမှိုက်သာသာပဲလေ ။မားသိလား အဲ့ကောင်ကြိုက်သမျှက ကျွန်တော့်အတွက် အမှိုက်သာသာပဲဆိုတာ ......"

သားဖြစ်သူအပြောကို ဂျွန်ချွဲရာက ခေါင်းအသာငြိမ့်ပြလိုက်သည်။သေချာပေါက် ထိုကောင်လေးအကြိုက်တွေဟာ သူမသားအတွက် အမှိုက်တွေသာဖြစ်စေရမည်။ သူမကလည်း မဖြစ်ဖြစ်အောင်လုပ်မှာမို့။

"ဒီနေရာကနေ အမြန်ဆုံး လွတ်မြောက်ချင်တယ်....."

ရေချိုးနေရင်းတိုးတိုးလေး ရေရွတ်မိသည်။ဒီကနေ လွတ်မြောက်ဖို့အတွက် သူ ဘာလုပ်သင့်လဲ။ဒီတစ်သက် လွတ်မြောက်ခွင့်ကော ရှိပါအုံးမလား။

တဏှာအားကြီး လွန်းတဲ့ထို့လူ့လက်ထဲကနေ အမြန်ဆုံးလွတ်မြောက်ချင်ပြီ။ဘဝမှာ တစ်ခါမှ တောင်းဆိုဖူးခဲ့ခြင်းမရှိသေးပါ။ဒီတစ်ခါတော့ ပထမဆုံးအနေနဲ့ တောင်းဆိုပါရစေ။ထိုလူ့လက်ထဲကနေ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အမြန်ဆုံးလွတ်မြောက်ပါစေ။

ရေချိုးခန်းထဲကနေထွက်လာတော့ သူ၏ကုတင်ထက်မှာ ကိုယ်လုံးတည်းထိုင်ကာ ဆေးလိပ်ထိုင်ဖွာနေသော ဂျွန်ဂျောင်စိုး။အေးလေ သူ့လက်အောက်ထဲမှာ ရှိနေသရွေ့တော့ သူ့စိတ်တိုင်းကျပေါ့။

သူလည်း အဝတ်အစားဝတ်မနေတော့ပဲ ကုတင်ပေါ်တတ်ကာ တစ်ခါထဲ လေးဘက်ထောက်ပေးလိုက်သည်။

I Own You (S-2)Where stories live. Discover now