(Uni Vers...)
"ကျွန်တော်နဲ့တွေ့ချင်ရတာ ဘာကိစ္စရှိလို့လဲ ......""ဂျွန်ဂျောင်ဆိုး ဘာဖြစ်သွားလဲ ငါသိချင်တယ်......"
"ဘာမှ မဖြစ်တာမို့ ကျွန်တော့်ကို သွားခွင့်ပြုပါအုံး......."
ဝူဆော့လည်း ယွန်းဂျယ်ရာရှေ့မှ အမြန်ထွက်ခဲ့လိုက်သည်။သူဌေးဂျွန်ဂျောင်ဂုနဲ့ ပတ်သတ်နေသူမှန်သမျှနဲ့ လွတ်ကင်းအောင်နေဖို့ သူစိတ်ဆုံးဖြတ်ချက်ချထားပြီးသားပင်။
သူဌေးဂျွန်ဂျောင်ဂုဟာ ရန်ပြုလို့ကောင်းတဲ့သူတစ်ယောက်မဟုတ်ဖူးဆိုတာကို သူဌေးက သက်သေပြသွားပြီ မဟုတ်လား။ဘယ်လိုပဲဖြစ်ဖြစ် သူဌေးဂျောင်ဂုနဲ့ ပတ်သတ်ပြီး ကောင်းသည်ဖြစ်စေ ၊ဆိုးသည်ဖြစ်စေ ခပ်ဝေးဝေးသာနေပါတော့မည်။
"ဒါက ဘာသဘောလဲ ဝူဆော့......"
"ကျွန်တော် အလုပ်ထွက်ပါတော့မယ် သူဌေး......"
"အကြောင်းပြချက်က......."
"ဘောစ့်လည်း မရှိတော့ဖူး ။ပြီးတော့ ကျွန်တော့်အမေ့ကိုလည်း အနီးကပ်ပြုစုချင်လို့ပါ......"
"ငါက ခွင့်မပြုဖူးဆိုရင်ရော...."
"ဘာကြောင့်ခွင့်မပြုရတာလဲဆိုတာကို သိချင်ပါတယ် ......"
"ဂျွန်ဂျောင်ဂုကို ရှင်းပေး ဒါဆို ထွက်ခွင့်ပေးမယ်....."
သူဌေးရဲ့ မျက်ဝန်းတွေဟာ အငြိုးအာဃာတတွေ အပြည့်။သူဌေးဂျွန်ဂျောင်ဂုလိုလူမျိုးဟာ ရှင်းပြစ်ဖို့အင်မတန်ခက်ခဲတာကို သူဌေးမေ့နေလေသလား။
"သူဌေးဂျောင်ဂုကို ရှင်းဖို့လုပ်တိုင်း ကျွန်တော်တို့တွေပဲ ခံနေရတာမလား သူဌေး......."
"ဒါဆို သူ့ယောက်ျားကို ရှင်းပြစ်လိုက်......"
သူ့ယောက်ျားထိတာတောင် အသေသတ်တာ ။ရှင်းပြစ်ဖို့ဆိုရင် အလောင်းတောင်ကောက်လို့ရမည့်အနေအထား ရှိမည်မဟုတ်။
"ကျွန်တောင်းပန်ပါတယ် သဌေးပြောတဲ့တိုင်းမလုပ်ပေးနိုင်ဖူး ။သူဌေးအကူညီလိုချင်ရင် သူ့ကိုဆက်သွယ်လိုက်ပါ ။သူဌေးနဲ့ ရည်ရွယ်ချက်တူတယ်......"
ယွန်းဂျယ်ရာကိုဆက်သွယ်လို့ရမည့်ကဒ် စားပွဲရှေ့ထားခဲ့ပြီး အခန်းမှ ထွက်ခဲ့လိုက်သည်။အမေအိုကို လုပ်ကျွေးရအုံးမည်ဖြစ်သည့်အတွက် အသက်ကိုတော့ မစွန့်လွတ်နိုင်ပါ။ လုပ်နိုင်သလောက်လည်း လုပ်ပေးခဲ့ပြီမဟုတ်လား။