1

1.3K 53 0
                                    

Unicode

Wroclow , Poland
ပိုလန်ရဲ့မနက်ခင်းပိုင်းက ရာသီဥတုက ညို့မှောင်မှောင် အုပ်မှိုင်းမှိုင်းပင်

နေသာသည်မရှိသော်ငြား ထိုရာသီဥတုမျိုးကလည်းတစ်မျိုးသဘောကျစရာကောင်းလှသည်

ပြတင်းပေါက်ဖွင့်လိုက်သည်နှင့် လေစိမ်းတို့ကကြိုဆိုနေလေသည်

အဝေးကမြင်နေရတဲ့ အရောင်သွေးစုံလင်စွာနှင့် တိုက်တွေကအပြိုင်ပြိုင် အုံ့မှိုင်းမှိုင်းရာသီဥတုနဲ့ တစ်မျိုး လှပလွန်းနေလေရဲ့

တိုက်တွေကတစ်ခုနဲ့တစ်ခုတစ်လက်မတောင်မကွာတဲ့အနေထား ကျဉ်းတယ်ထင်ရပေမယ့် သူ့အတွက်ဒီနေရာကသဘောကျစရာကောင်းနေပြန်ရော

ရေချိုးပြီး long Coatအရှည် shirtအဖြူလက်ရှည်နဲ့style pantအညိုရောင် တို့ကိုတွဲဖက်စွာ ဝတ်ဆင်လိုက်သည်

နောက်တော့ကင်မရာတစ်လုံးကိုင် ဦးထုပ်ဆောင်းပြီး မြို့ထဲလည်ရန်ထွက်လာသည်

လက်ထဲတွင် Note bookရယ် လည်ပင်းတွင်ကင်မရာတစ်လုံး ရယ် wroclowရဲ့ အုံ့မှိုင်းမှိုင်း
အလှကို မှတ်တမ်းတင်နေတော့သည်

ထိုချိန်မိုးဖွဲ့ဖွဲ့ကရွာသွန်းလာလေသည် ဆောင်းရာသီဖြစ်နေတာတောင်ရာသီဥတုဖောက်ပြန်ပြီး မိုးဖွဲတဖြည်းဖြည်းကျလာတော့
ထယ်ယောင်းအမြန်ပင် အနီးရှိကော်ဖီဆိုင်ပြေးရာချိန်

ဘုတ် !

"အိုး. . .sorry"
ကျသွားတဲ့အရာတွေကောက်နေတုန်း လာကူပေးတဲ့ tattooနဲ့လက်တစ်ဖက် ကောက်ပြီးလို့ပြန်ထ မြင်လိုက်ရတာက အိုး ဒါကငါရင်ခုန်နေတာလား

ချောမောတယ်ထင်ရတဲ့ ယောက်ျားဆန်တဲ့မျက်နှာ မှေးရိုးကတော့အထင်းသား

မျက်နှာကျပုံက မခက်ထန်သော်လည်း တည်ငြိမ်သောအနေထား suit အပြည့်ဝတ်ထားပုံက လူကြီးလူကောင်းတစ်ယောက်ဖြစ်ပုံကိုဖော်ညွှန်းသည် သဘောကျစရာကောင်လွန်းတဲ့ထိုလူ

"အာ. . .ရပါတယ်"
သူကအင်္ဂလိပ်စကား ပီသစွာပြောနေတော့ ထိုလူသည် ပိုလန်သား ဖြစ်ပုံမရ

ခံစားချက်ပေါင်းစုံဖြင့် ထိုနေရာကို ကျောခိုင်းကာထွက်လာခဲ့ပြီး ဆိုင်ထဲဝင်ကာ မိုးများစဲ မည့်ချိန်ကိုစောင့်နေလိုက်လေသည်

Exclusive To You (Completed)Tempat cerita menjadi hidup. Temukan sekarang