Unicode
" Janခင်ဗျား ထတော့ ငါအမှိုက်သွား ပစ်အုံးမယ် ပြန်လာရင် ခင်ဗျားနိုးနေနော် မဟုတ်ရင် ငါတစ်ယောက်တည်း သွားပြီးခင်ဗျားကိုထားခဲ့မှာ "
" အင်း . . အင်းပါ အခု အခုထပြီ "
" အော ငါပြန်လာမယ် "
သူလွယ်နေကျ လည်သာအိတ်အညိုရောင်နဲ့ အကျီအဖြူ အညိုရောင်ဘောင်းဘီ ကိုဝတ်ထားတာ အထက်တန်းကျောင်းသား စတိုင်ဖမ်းနေတာလား သူက ?
" ဟေး . . မင်းကို လူတွေအာရုံစိုက်နေမှာ ငါသဘောမကျဘူး "
" ဘာနေနေ ငါကအာရုံထဲ မရှိပါဘူး ခင်ဗျားရ
ပိုနေပြန်ပြီ ဒီအမြင်ကပ်စရာကြီးက "" ဒီမာဖလာစည်း ချမ်းနေတာကို . . "
မာဖလာကိုကိုယ်တိုင်လာစီးပေးနေတာ ဒီလူဘာဖြစ်နေတာလဲ
" အော . .အော "
" Wroclaw မှာအရင်လျှောက်လည်မလား Victory "
" အော ကောင်းသားပဲ "
နှစ်ယောက်သားဘေးချင်း ယှဉ်လျှောက်နေကြပြီး အခုကျနော်တို့ကို မထင်မှတ်ဘဲ တွေ့ဆုံစေခဲ့တဲ့ နေရာ
တစ်နည်းအားဖြင့် မတော်တဆ အင်း မဟုတ်ဘူး ကိုယ်တိုင်ဖန်တီးယူခဲ့တာ အဲ့လိုပေါ့
အဲ့ချိန်တုံးက မိုးရွာနေလေတော့ ကောင်လေးတစ်ယောက် မြန်မြန်ပြေးသွားခဲ့တဲ့ ကော်ဖီဆိုင်လေး
အဲ့ဆိုင်လေး အရင်တိုင်းပါပဲ ဘာမှမပြောင်းလဲသွားဘူး
ပြီးတော့ ငါတို့လည်းပြောင်းလဲမသွားဘဲ ထပ်တူကျနေခဲ့တယ်
နောက် National Museum ကိုနောက်တစ်ကြိမ် ခြေချမိတယ်ပေါ့
" Jan ဒီမှာကြည့်အုံး အဲ့တုန်းက ခင်ဗျားကိုလေ "
အိတ်ထဲကနေ ခိုးရိုက်ထားတဲ့ပုံကို ပြနေသေး
" အရမ်းခန့်နေတာမလား ဟင် "
" ငါဘာလို့ရိုက်မိတာပါလိမ့် "
" မှန်းစမ်း သဘောကျနေခဲ့တာမလား "
" အဲ့လိုပဲဖြစ်မလား "
" မှတ်မိပါသေးတယ် ဒီကပြန် ငါ့ကိုအိမ်လိုက်ပို့ပြီး အခုမှသိတဲ့ သူကိုမနက်ဖြန်လျှောက်လည်ဖို့ခေါ်တဲ့ ခင်ဗျားကို "