3

329 31 0
                                    

Zawgyi

Museumကအပြန်တွင်

"Jan ခင်ဗျားမနက်ဖြန်အားလား"

"အားတယ်လေ"

"အာ့ဆို ငါတို့Torunကိုသွားရအောင် ဒါ‌ပေမယ့်ညအိပ်သွားမှအဆင်ပြေမှာလေ နေ့ချင်းပြန်ဆိုလူကနှုံချာသွားမှာ အသေချာပဲ"

"ညအိပ်ဆို. ."

"ထားပါ မင်းအဆင်မပြေရင် ငါတစ်ယောက်တည်းလည်း. ."

"အင်း အင်း ငါအဆင်ပြေတယ် မနက်ဖြန်သွားမယ်"
ဂျောင်ဂုသူ့အရှေ့ကအလှလေးလုပ်ပုံကိုကြည့်ရင်း အူးယားနေတော့သည်

ဘာကြောင့်ဆို လုပ်နေတဲ့ပုံလေးက သူမလိုက်တော့ ပြောရင်ငိုချမယ့် ရုပ်ကလေး

မျက်လုံးကလယ် ကလယ်နဲ့တကယ့်ပင်ကလေးလို အလှလေးက တခါလေ အဲ့လိုကလေးဆန်တတ်တာလား

"ခင်ဗျားတကယ်ပြောတာနော် ငါမှာလည်း ဒီနေရာအသိ ဆိုလို ခင်ဗျားပဲရှိတာ"

"ဟုတ်ပါပြီ ခုနကပြိုမယ်မိုးက အခုပဲ နေချက်ချင်းထွက်လာ သလိုလို"

"အဲ့လိုရုပ်ကြီးဖြစ်နေတာလား ငါက"

"မဖြစ်ဘဲ ပြောပါ့မလား"

"ထားပါ မနက်သွားမယ်Torunမှာ Gingerbread(ဂျင်းပေါင်မုန့်) ကနာမည်ကြီးတယ်လေ ငါလည်းတခါလောက် ဂျင်းပေါင်မုန့်လည်းစားရင်း Gingerbread museumလည်းလည်ရင် အဲ့ဒီကိုသွားချင်ခဲ့တာ"

"ဒါဆို မုန့်စားမလို့သွားတယ်လား"

"Torunလည်းသွားရင်း မုန့်လည်းစားရင်းပေါ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် ဘယ်လောက်ကောင်းသလဲ"

"စားကိုစားနိုင်လွန်းနေတာ မင်းက"

ဒီလိုနဲ့ကားလေးကvictoအိမ်အရှေ့သို့ရောက်လာခဲ့သည်

"မနက်ဖြန် မင်းကားထားခဲ့ ငါတို့အဲ့ဒီကိုရထားနဲ့သွားမယ် အဝတ်ယူခဲ့ဖို့မမေ့နဲ့အုံး ကားကိုငါ့အိမ်ရှေ့ထားခဲ့လို့ရတယ်"

"အဖိုးကြီးပေါက်စလား မင်းက"

"မှာစရာရှိတာမှာရမယ်မဟုတ်လား "

"ဟုတ်ပီ ငါမမေ့ဘူး ဒါနဲ့ဖုန်းနံပါတ်ပေးသင့်တယ်မလား မင်းမနိုးရင် ဆက်ဖို့အတွက်လေ"

Exclusive To You (Completed)Where stories live. Discover now