16

220 21 0
                                    

Unicode

တဖြည်းဖြည်းနီးလာသော မင်္ဂလာပွဲ ချောင်ထဲ မှောင်မိုက်နေတဲ့တစ်နေရာမှာ ထိုင်နေရင်း ပြတင်းပေါက်ထမဖွင့်ပါဘဲ အလင်းတန်းတစ်ခုကိုမျှော်လင့်နေမိတာ

ဘယ်သူနဲ့မှလည်းမတွေ့သလို အရက်‌တွေလှိမ့်သောက်နေရင်း အသက်မဲ့သူပမာဖြစ်လို့နေသည်

ထိုချိန်တံခါးခေါက်သံတစ်ခု နောက်တံခါးဖွင့်လာသောအသံ

" မင်း မနက်ဖြန်မင်္ဂလာဆောင်ဆိုတာသတိရအုံးမှပေါ့ ငါအကုန်စီစဉ်ထားပြီးပြီ မင်းရဲ့စုတ်ပြတ်သတ်နေတဲ့ ပုံစံကြီးအရင်ပြင်ထား ငါ့ကိုမျက်နှာမပျက်စေနဲ့ သားလေး "

ဘာမှလည်းပြန်မပြောမိသလို ဘယ်ချိန်ထွက်သွားလဲတောင်မသိတော့

ဘာတဲ့ ငါအကုန်စီစဉ်ထားပြီးပြီ ငါ့ကိုမျက်နှာမပျက်စေနဲ့

ဟား ဟား ဟားးးးးးးးး

သိပ်ရီစရာကောင်းလိုက်တဲ့ အတ္တဆိုတဲ့အရာ
တစ်ခုခုထစားပါ အုံးလား အရက်တွေပဲလှိမ့်မသောက်နဲ့လေ

အဲ့လိုမျိုးပြောရမယ့်အစား ငါ ငါ ငါ ဆိုတဲ့ အတ္တ လောဘတွေလွမ်းမိုးနေတဲ့မကောင်းဆိုးဝါးလိုပဲ

Victoနဲ့လည်းမျက်နှာချင်းမဆိုင် ရဲသလို သွားလည်းမတွေ့ရဲဖြစ်နေတာ

ရင်ဘတ်နဲ့မဆန့်အောင်နာကျင်မှုတွေ ပူလောင်မှုတွေ သယ်ဆောင်ထားရသလို စိတ်တွေလေးလံကာ မနက်ဖြန်အတွက် ကြိုတင်ကာ မဝံ့မရဲဖြစ်နေတော့သည်

ထယ်ယောင်း ဒီနေ့ Polandကိုသွားတော့မည်
ကိုယ်ချစ်ရတဲ့သူ ရဲ့မင်္ဂလာပွဲကို ထိုင်ကြည့်နေရမှာက ဘယ်အင်းအားနဲ့ကြည့်ရမှာလဲ တစ်ဖက်ကအမဆိုသူ တစ်ဖက်က ကိုယ့်ရဲ့တစ်ဦးတည်းသောသူ

သူ့ကိုစောင့်နေခဲ့တာ အကြောင်းပြချက်တစ်ခုခုလောက်လာပေးမလားဆိုပြီး သူ့ကိုမုန်းမနေခဲ့ဘူး သိပ်ကိုချစ်ရတာ ‌ောက်ရမ်းကိုချစ်တာ

ဒါပေမယ့် ခင်ဗျားက လုံးဝပေါ်မလာခဲ့ ဖြေရှင်းချက်လေးတစ်ခုတောင်လာမပေး ငါpolandကို ခင်ဗျားနဲ့အတူနောက်တစ်ခါ သွားချင်ခဲ့တာ

ရီစရာတစ်ခုက ခင်ဗျားမပါဘဲ ငါတစ်ယောက်တည်းသွားရတော့မှာတဲ့

Exclusive To You (Completed)Tahanan ng mga kuwento. Tumuklas ngayon