4

275 26 0
                                    

Unicode

ထယ်ယောင်း သာသူမြင်လိုက်ရသော ဂျောင်ဂုပုံရဲ့အောက်ကို ဆွဲချပြီးကြည့်လိုက်မယ်ဆိုရင်

လက်ကိုကျကျနန ချိတ်ထားပြီး ဂျောင်ဂုနဲ့အတူတူ ပါတီပွဲသို့အတူ တက်လာသော အမျိုးသမီးတစ်ယောက်

. . .

မနက်ရောက်တော့ အိမ်အရှေ့တွင်ရောက်နေပြီဖြစ်သော jan ၏ကား အမြန်ပြင်ဆင် ဆင်းလာခဲ့ပြီး

Torun သို့

4နာရီအကြာပြီးနောက် Torunသို့ရောက်လာခဲ့ပြီ
ရောက်တော့ ရာသီဥတုကအုံမှိုင်းမှိုင်း မိုးရွာမည်ထင်ရသဖြင့် ဟိုတယ်တွင်နားရန်သာဖြစ်တော့မည်

Bulwarဟိုတယ်တွင်တည်းရန်ဆုံးဖြတ်လိုက်ပုံရသည်

ဟိုတယ်အထဲဝင်လိုက်တော့ အပြင်တွင် မိုးဖွဲဖွဲရွာလို့နေသည် အခန်းငှားနေသော jan ဆီ သွားလိုက်တော့

ဝန်ထမ်းကောင်မလေးက ဒီနေ့အတွက်ဧည့်သည်တွေများနေတာကြောင့် အစ်ကိုတို့ကကံကောင်းလို့အခန်းတစ်ခန်းရမည်ဖြစ်ကြောင်း

သူကလည်း နောက်အခန်းမရှိတော့လား ပြောနေကြတာကိုထယ်ယောင်းကြားလိုက်ရသည်

ကြားကထယ်ယောင်းကပဲ သူအဆင်ပြေတယ် နှစ်ယောက်တစ်ခန်းနေလို့ရတယ် ယောင်္ကျား‌ေလးအချင်းချင်းပဲလို့ပြောလိုက်မှ အခန်းယူဖြစ်သွားတော့သည်

ထိုသို့ဖြင့် အခန်းထဲသွားတော့ နှစ်ယောက်အတွက်အဆင်ပြေစေမယ့် အကျယ်ပင် အခန်းထဲလှည့်ပတ်ကြည့်ရင်း တွေ့လိုက်ရတာက ဧည့်ခန်းဘာညာတွေကအဆင်ပြေပေမယ့် ကုတင်ကတစ်ခုတည်းရှိတော့ ကြောင့်ကြည့်နေတုန်း

"Victo မင်းကုတင်ပေါ်ပဲအိပ် ငါsofaမှာအိပ်လိုက်မယ်"

"မဟုတ်တာ ရပါတယ် ငါပဲsofaထက်အိပ်လိုက်မယ်"

"မင်းအသားတွေက တကယ့်နုနုလေး
အတိုင်းဖြစ်နေတော့ အပြင်မှာခြင်တွေဘာတွေရှိရင် ဘယ်နှယ့်လုပ်မလဲ"

"ငါအဲ့လောက် မနုယွပါဘူး"

"အိပ်ဆို အိပ်လိုက်ရောပေါ့ victo ရာ"

"ဟုတ်ပြီ ငါပဲအိပ်လိုက်မယ် မင်းခြင်ဆေးဘာညာဆောင်ထား ခြင်တွေမင်းကိုချီသွားမှဖြင့်"

Exclusive To You (Completed)Where stories live. Discover now