13

198 22 2
                                    

Unicode

မနက်ဝေလီဝေလင်းချိန်ရောက်မှ နိုးလာတဲ့victo

၇ခွဲဆိုတာတောင် နေကနှင်းတွေကြားမြုပ်နေသလားအောက်မေ့ရသည်

အပြင်ထွက်လာတော့ နှင်းဖြူဖြူတွေက ခြေမျက်စိအပေါ်လောက်ထိမြုပ်နေတော့သည်

နှင်းတွေ ငေးကြည့်နေပြီး ရိုးရာဝတ်စုံဝတ်ထားတဲ့victoက ပန်းချီကားလေးအလား ကောက်သိမ်းထားချင်းစရာပင်

နှင်းဖြူဖြူရယ် သစ်ပင်ပေါ်တင်နေတဲ့နှင်းတွေကိုထိကြည့်နေတဲ့ ဖယောင်းလက်ရှည်ရှည်လေးတွေရယ် မဖြူမညိုအသားရေလေးရယ်

နေရောင်မှိန်ပြပြအောက်တွင် ပန်းချီကားတစ်ချပ်လို့ ပနံသင့်လှသည်

သူရှိရာဆီလျှောက်သွားပြီး
" Victo .   . "

" အော ပြောလေ jan "

" ဘာရယ်မဟုတ်ပါဘူး အိမ်ကစိတ်ပူနေမလားလို့ ချစ်ရတဲ့သားငယ်လေးက တစ်ညအိပ်နေပျောက်သွားပြီးပြန်မလာသေးတော့လေ "

" Janခင်ဗျာက ဘယ်တုန်းကသူများရဲ့အတွေးကိုဂရုစိုက်တတ်သွားတာလဲ ခင်ဗျားနဲ့သွားတယ်သာ သိလည်း ဘယ်သူမှအပြစ်ဆိုမှာမဟုတ်ပါဘူး အနဲဆုံးတော့သူတို့ကသူငယ်ချင်းလို့သိမှာပဲလေ "

" Victo ကိုယ်ကမင်းသူငယ်ချင်းမဟုတ်ဘူး အဲ့ဒါမင်းသိလား "

" အော သိတာပေါ့ ငါကသဘောပြောပြတာ ခင်ဗျားကစိတ်ကြီးပဲ "

ကျွန်တော်တို့ နေ့တစ်ဝက်ခွင့်ယူထားလိုက်တော့ နေလည်ဘက် အမြန်ပြန်ခဲ့ ကြပြီး တစ်ဖက်ရုံး ကိုယ်စီသွားရတော့သည်

ထယ်ယောင်းစိတ်ရှုပ်စရာ ပါတီတစ်ခုရောက်လို့နေတော့သည်

ဟျောင်းက အတွေ့ကြုံတွေရအောင် နောက်ဒီထက်ကြီးတဲ့ ပွဲတွေတက်ရင် စိတ်မလှုပ်ရှားရန်အတွက်ဆိုကာပင် ခေါ်လာသည်

ကျနော်အတွက် ဒါက စိတ်လှုပ်ရှားစရာ လုံးဝကောင်းမနေဘဲ စိတ်ပျက်စရာ ကောင်းလှသည်

သူတို့ကိုယ်သူတို့ လူကြီးလူကောင်း တစ်ယောက်လို  လုပ်နေကြတာတွေ အပြုံးတုတွေ အတွင်းထဲ အပုပ်ပွတွေပဲရှိပြီးဟန်ဆောင်နေကြတာတွေ

Exclusive To You (Completed)Where stories live. Discover now