Unicode
ဂျောင်ဂု အိမ်သို့ရောက်နေတော့သည် အဖေဆိုသူကခေါ်လိုက်တာကြောင့်ပင်
"ကျနော် ရောက်ပြီ"
"ငါမင်းအတွက် စေ့စပ်ပွဲ ဖျက်ပေးထားတာ အဲ့တာ Mr.johnny တို့ဘက်ကပြောနေကြပြီ စေ့စပ်ပွဲဖျက်ထားတဲ့အကြောင်းက မင်္ဂလာပွဲတစ်ခါတည်းလုပ်လို့ရအောင်အတွက် အခုအဲ့ဒါအကောင်ထည်ဖော်တော့မှာ "
"မဖြစ်နိုင်ဘူး ဒါက ကျနော်မှလက်မခံနိုင်တာ "
"ဒါက မင်းသဘောမေးတာမဟုတ်ဘူး သိသင့်တယ်ထင်လို့ ပြောပြတာ"
"Mr.jeon ဒါကကျနော် အနာဂတ် တစ်ဘဝလုံးမချစ်မနှစ်သက်သူနဲ့ ကျနော် လက်မထပ်နိုင်ဘူး "
"ပျော်စရာတစ်ခု လုပ်ကြမလား "
"မင်းရဲ့ ဘာတဲ့ ခပ်ဆန်းဆန်း နာမည်မင်းခေါ်တတ်တဲ့ ကောင်လေး v . .ဘာပါလိမ့် အော် Victory ဆိုလားပဲ "
"ခင်ဗျား သူ့ကိုဆွဲထည့်စရာမလိုဘူး "
"သား ငါကမင်းကိုမွေးထားတာ . . မဟုတ်ဘူး ကျွေးထားတာ ကျွေးလက်ပြန်မကိုက်နဲ့ မင်းသိလား ဒါကိုလက်မခံရင် ငါဘာလုပ်လိုက်မလဲ ပျော်စရာလေး ကစားချင်နေတာလား "
"ထွီးးးးး ရွံ့စရာပါးစပ်က ဒီလိုစကား ထွက်ရတယ်လို့ "
လူ့လောကထဲရောက်အောင် သူ့အကူညီယူခဲ့ရတာကိုတော့ ကျေးဇူးတင်မိပါတယ်
အမြဲတမ်းအတ္တ လောဘ ကိုယ့်အကျိုး ကိုယ်ကြည့်တဲ့လူ သူ့အကျိုးသာ ရမယ်ဆိုဘာပဲလုပ်ရလုပ်ရ လုပ်မယ့်လူမျိုး
"မင်းဒါလက်ခံလိုက်ပါ လက်ခံလိုက်ရင်ကောင်းကောင်းမွန်မွန်ပဲနေရမှာ မင်းရဲ့အားနည်းချက်လေး တစ်ခုခု မဖြစ်ခင်ပေါ့ "
ဂျောင်ဂု ဒေါသထွက်ကာလှည့်ထွက်သွားလိုက်တော့သည်
ငါက . .ငါက အခုချိန် ဘာတတ်နိုင်မှာမို့လို့လဲ သူ့ကိုတော်လှန်နိုင်ဖို့ အင်အားလည်းမရှိပါဘဲ victoကိုဘယ်လိုကာကွယ်ပေးနိုင်မှာတဲ့လဲ
အခုလို ပျော့ညံ့တဲ့ ငါကဘာဆိုဘာမှ မလုပ်နိုင်တာပဲ ငါဘာလုပ်သင့်တာလဲဆိုတာ မဆုံးဖြတ်နိုင်တော့ဘူး