10

255 23 0
                                    

Unicode

မနက်နိုးလာတော့ ညကအရှိန်ကြောင့် မျက်လုံးများမို့အစ်နေတော့သည်

တစ်ညလုံးစဉ်းစားနေခဲ့ပေမယ့် နောက်ဆုံးက janကိုချစ်တယ်ဆိုတဲ့အဖြေသာထွက်သည်

သူသိပ်ချစ်ရတဲ့အချစ်ဦးလေ အဲ့အချစ်ဦးက အမဖြစ်သူနဲ့စေ့စပ်ထားတဲ့သူ အရာရာဟာအကုန်အစီအစဉ်ချထားပြီးသားကို သူမချစ်ဘဲ နေလိုက်သင့်လား

ချစ်နေလို့ကတော့ရသေးတယ်မလား သိပ်ချစ်တာမို့ ဖြေးဖြေးချင်းမေ့ပစ်လို့ရမယ်ထင်လို့လေ ထယ်ယောင်းအတွေးတွေကိုရပ်ပစ်လိုက်တော့သည်

ထယ်ယောင်းမနက်ပိုင်း တစ်ပိုင်းလုံး တွေးတွေးဆဆ အတွေးအာကာသထဲ လွှင့်ပျံရင်း စိတ်တစ်ခြားလူတစ်ခြားဖြစ်လို့နေသည်

နေ့လည်ဘက်အိမ်ထဲကားဝင်သံကြားလိုက်ရသည် ကားဝင်လာတာကအဆန်းမဟုတ်ပေမယ့် နေ့လည်ဘက်က အစ်ကိုရုံးကပြန်လာချိန်လည်းမဟုတ်ပေ

ဘယ်သူမှဒီချိန်လာလေ့မရှိပေ ဘာနေနေဒါက အရေးကြီးတာမဟုတ်တာမလို့ ထယ်ယောင်း အိမ်အပြင်မြက်ခင်းဘက် တွင်ထိုင်မြဲသာ ထိုင်နေတော့သည်

ခဏကြာတော့အမေ ကနေ့လယ်စာစားဖို့လာခေါ်သည် ဧည့်သည်တွေပါရောက်နေတာမို့ တူတူစာရန်လာခေါ်ခြင်းပင်

ထယ်ယောင်းလည်းဘာမှမစဉ်းစားနေတော့ဘဲ မသွားချင် သွားချင်နဲ့ လိပ်လိုသွားနေတော့သည်

စားပွဲတွင် အသင့်စောင့်နေသော အဖေ အမေကအဖေ့ဘေးတွင်နေရာယူသည် သူကအမေ့ဘေးတွင် ဝင်ထိုင်လိုက်သည် နောက်ဧည့်သည် ဆိုသူတွေက လူလိမ်ကောင် နဲ့ အစ်မ ဆိုသူပင်

"အန်တီလက်ရာက အရင်တိုင်း အမြဲစားကောင်းနေတော့တာပဲ အားရင်အန်တီဆီသင်ထားရအုံးမယ် "

"ဟုတ်ပါပြီကွယ် ကြိုက်တယ် ဆိုရင်ဘဲ ကျေနပ်လှပါပြီ စားကြ များများထည့်စားကြလေ သားဂျောင်ဂု ထည့်စားလေ"

"ဟုတ်ကဲ့ အန်တီလက်ရာကစားကောင်းတာမို့ ကောင်းကောင်းစားနေပါတယ်"

"အော် ဒါနဲ့ သမီးတို့ ဘယ်တော့လောက်လက်ထပ်ကြမလဲ"

"ဟုတ်ကဲ့ နောက်လိုပါသေးတယ်အန်တီ"

Exclusive To You (Completed)Donde viven las historias. Descúbrelo ahora