5

299 25 0
                                    

Zawgyi

မနက်ခင်းTorunရဲ့ရာသီဥတုကမနေ့ကနဲ့မတူသာယာလျက်ရှိသည်

နှစ်ယောက်သား လျှောက်လည်ရန်အဆင်သင့်ပင် Victoryရဲ့လက်ဆွဲတော်ကင်မရာကတော့ မပါမဖြစ်

ပထမဆုံးရောက်လာသည်ကold town hall ပင်
Victo ကင်မရာဖြစ်မှတ်တမ်းတင်နေတော့သည်

ဒီနေရာကလည်းတကယ့်သဘောကျစရာပင်

အုတ်နီခဲရောင်လိုအဆောက်အဦး ကလည်း တစ်မျိုးပင်သဘောကျစရာကောင်းသည်

"Jan ဒီနေရာကသဘောကျစရာမကောင်းဘူးလား"

"ဒါပေါ့ သဘောကျစရာကောင်းလောက်အောင်ပဲ"

Museumထဲ လှည့်ပတ်ကြည့်ရင်း ပြန်ထွက်လာလေတော့ victoကပင်

"ငါတို့နောက်တစ်နေရာသွားရအောင်"

ရောက်လာသည်က Gingerbread museum
အထဲသို့ဝင်လိုက်တော့ လူတော့များမနေပေ
သို့ပေမယ့် လူတစ်ယောက်စနှစ်ယောက်စရှိနေသည် ‌

"Jan ငါတို့ပေါင်မုန့် စမ်းလုပ်ကြည့်ရအောင်"

"ဖြစ်ပါ့မလား မင်းလုပ်တတ်လို့လား"

"ငါဖုန်းထဲကနေလုပ်နည်းကြည့်ထားပါတယ်"

"ယုံလို့ရပါ့မလား မင်းကို"

"ဒါပေါ့ ငါ့ကိုယုံစမ်းပါ"

ထို့သို့ဖြင့် ဂျင်းပေါင်မုန့်လုပ်ခြင်းကိုစတော့သည်
အချိန်တစ်ခုကြာသည်အထိပေါင်မုန့်လုပ်ပြီးတော့ ထွက်လာသည့်ပုံလေးကအသဲပုံလေးပင်

နှစ်ယောက်လုံး မုန့်ပေါ်တွင်အလှဆင်နေကြပြီးတော့ လုပ်ထားသည့်ဂျင်းပေါင်မုန့်က ပထမဆုံးဖြစ်သည့်အတွက်အနဲငယ်အဆင်မပြေသော်လည်း သူဟာနဲ့သူကြည့်ကောင်းနေပေသည်

"‌ဝိုး . .jan စားရမှာတောင်နှမြောတယ်"

"လုပ်ထားရတာကြာပေမယ့်စားတော့ ခဏလေးပါပဲလား "

"အခုမှပဲ မုန့်လုပ်တဲ့သူတွေကို ပိုနားလည်တော့တယ် ငါတို့ကျစားတာခဏလေးနဲ့ကုန်တယ် လုပ်တဲ့သူတွေကျတော့ အချိန်တစ်ခုထိလုပ်ကြရတာ"

"ဒါပေမယ့်လည်း ကိုယ်တတ်မြောက်တဲ့အလုပ်ကိုအလကားမဖြစ်အောင်တော့ လုပ်တတ်ဖို့လိုတယ်မလား "

Exclusive To You (Completed)Where stories live. Discover now