7

225 22 0
                                    

Unicode

ကျနော်တို့မနက်စောစောလေယာဉ်ဖြင့်ကိုရီးယားကိုပြန်ရန်လုပ်ထားသည်မလို့ လေယာဉ်ချိန်နီးမှနှစ်ယောင်သာနိုးလာကြတော့ အမြန်ပြင်ဆင်ပြီး စီးရမယ့်လေယာဉ်ဆီမပြေးရုံတမယ်ဝရုန်းသုန်းကားရောက်ချလာကြတော့သည်

လေယာဉ်ပေါ်ရောက် ထယ်ယောင်းတစ်ယောက် janရဲ့ပုခုံးပေါ်မှီပြီးအိပ်ပျော်နေလေတော့

ဂျောင်ဂု အိပ်ပျော်နေသောသူရဲ့victoအား ပျောက်ကွယ်သွားတော့မယ်အလား အကြည့်များမခွာနိုင်တစ်စိမ့်စိမ့် ကြည့်နေမိတော့သည်

အချိန်အတော်တန်ကြာအောင် လေယာဉ်စီးလာပြီးနောက် ရောက်လာခဲ့ပြီးဖြစ်သော အမိမြေကိုးရီးယားနိုင်ငံ လေ‌ယာဉ်ပေါ်ကနှစ်ယောက်သား ဆင်းလာခဲ့ပြီး လေတွေအဝကြီးရှူသွင်းနေတဲ့ဘေးက Victory

"အင်း . . .ခုမှဘဲ ပြန်ရောက်လာခဲ့တော့တာပေါ့"

"ကိုယ့်ဖုန်းနံပါတ်သိတယ်မလား တစ်ခုခုဆိုဖုန်းဆက်လိုက်လေ"

"အော သတိရနေမိမှာ"

နှစ်ယောက်သားပွေ့ဖက်နှုတ်ဆက်နေတော့

"Victory ကိုယ်လိုက်ပို့ပေးခဲ့မယ်လေ"

"Jan ခင်ဗျားလည်းနုံးနေရောပေါ့ ငါ့ဘာသာပြန်လိုက်တော့မယ် နောက်မှတွေ့ကြတာပေါ့"

"စိတ်ချမယ်နော် ဒါဆိုကိုယ်ပြန်တော့မယ်
ကိုယ့်ရဲ့victo ဘိုင့်"

လက်ပြကာနှုတ်ဆက်သွားတာကိုအဆုံးထိကြည့်ပြီး အိမ်ပြန်လာခဲ့တော့သည်

"ဘာ‌မပြောညာမပြောဘဲ ပြန်လာတာဘဲ့အမေ့သားလေးက ကြိုပြောထားရင်လာကြိုမှာပေါ့"

"အမေတို့ကို အလုပ်မရှုပ်စေချင်လို့ပါ"

ထယ်ယောင်းအမေ့ပါးကိုနမ်းပြီး ချွဲပြောလိုက်တော့

"ဒီလိုမျိုး ကပ်ချွဲနေလို့ပေါ့ ရည်းစားမရသေးတာ
ဟော . .ဟိုမှာ သားအဖေလာနေပြီ"

ထယ်ယောင်းဟိုမှာရည်းစားရခဲ့တာကိုတော့မပြောဖြစ်လိုက်ပေ

နေ့လည်ဘက်ရောက်တာမလို့ နေလည်စာတောင်ပြင်ဆင်ထားပြီးပြီမို့ စားပြီးမှသာ ရေမိုးချိုးတစ်ခါတည်းအိပ်လိုက်တော့သည်

Exclusive To You (Completed)Where stories live. Discover now