11

239 25 0
                                    

Unicode

သတင်းခေါင်းစီးပိုင်းတွင် ရေးသားထားပါသော စေ့စပ်ပွဲဖျက်သိမ်းသည့်အကြောင်း ဖျက်သိမ်းရတဲ့ အကြောင်းရေရေရာရာဖော်ပြထားခြင်းမရှိပေ

ထယ်ယောင်း အဖေကတစ်ဆင့်အစ်ကိုဆီလက်ဆင့်ကမ်းထားတဲ့ ကုမ္ပဏီကို အစရောက်ခြင်းမဟုတ်ပေမယ့် အခုလိုရွယ်မှာဒါပထမဆုံးရောက်သလို စိတ်လှုပ်ရှားစရာပင်

ငယ်ငယ်ကပဲလိုက်လာခဲ့တာ နားရှုပ် လူရှုပ်တယ် ဆိုပြီးနောက်တော့လုံးဝမလာဖြစ်တော့တာပါပဲ

ထယ်ယောင်းအတွက် နောက်ကုမ္ပဏီခွဲတွေ ရုံး
ချုပ်တွေ ဦးစီးရန်အတွက်အဖေပြောခဲ့ တုန်းကမလုပ်ဘူး အတင်းငြင်းခဲ့ပြီးကာမှ အခုအလုပ်သင်ရန်ဖြစ်နေတော့သည်

Jo Hyungကုမ္ပဏီထဲ ဝင်လိုက်တာနဲ့ နှုတ်ဆက်လာကြတဲ့ ဝန်းထမ်းတွေ ထယ်ယောင်းကိုတော့သိပုံမရကြပေ

အေးလေ ဘယ်သိမလဲ ထယ်ယောင်းတို့အရင်ကကုမ္ပဏီကိုဆိုခြေဦးတောင်မလှည့်

"ခဏနေအစီးအဝေးအခန်းထဲ လာခဲ့ကြပါ အသိပေးစရာရှိတာမို့ "

.    . 

"အော ရောက်လာကြပြီလား "

နေရာအသီးသီးထိုင်နေကြတော့ joHyungက

"အားလုံးကမိတ်ဆက်ပေးစရာရှိလို့ ခေါ်လိုက်တာပါ ဒါကကျနော်ညီ ကင်မ်ထယ်ယောင်း ကုမ္ပဏီမှာအလုပ်လုပ်မှာပါ ဒီတော့ကျွန်တော်အားလုံးပဲ ‌ကျွန်တော့်ညီလေးကိုလိုတာရှိသင်ပြကူညီပေး‌ဖို့အပ်ပါတယ်"

"ဟုတ်ကဲ့ လိုတာရှိကူညီသင်ပြပေးကြပါအုံးဗျ ကျေးဇူးတင်ပါတယ်"

အစည်းအဝေးခန်းထဲမိတ်ဆက်ပြီးတော့ ထယ်ယောင်းအစ်ကိုရုံးခန်းထဲရောက်လို့နေသည်

"အော ဟျောင်းကျနော် ကိုသင်ပြပေးအုံးလို့ ဒီမှာလေ ဟျောင်းဆီလာတင်ထားတဲ့စာရင်းတွေက ခုနကရှင်းပြထားတာထက်ကို ရှုပ်လွန်းနေတာ ကျနော်ဖြင့် နားမလည်ချင်တော့ဘူး"

"ဟေး ဒါကအခုသင်အခုတက်မဟုတ်ဘူးနော် ဖြေးဖြေးချင်း ဟျောင်းရှင်းပြပေးမယ် ရှုပ်လွန်းတယ်ဆိုပြီးစိတ်တော့မပြောင်းပစ်လိုက်နဲ့အုံး"

Exclusive To You (Completed)Where stories live. Discover now