12

232 24 0
                                    

Unicode

"စေ့စပ်တာ ဖျက်ပေးတဲ့အတွက်ကျေးဇူးပဲ"

ဂျောင်ဂု အိမ်ကိုရောက်နေတာဖြစ်ပြီး Mr.jeonကို ကျေးဇူးတင်စကားဆိုလိုက်သည်

"ဘာမှပြောနေစရာမလိုဘူး ဒီအတွက်ငါ rika တို့ကိုဘယ်လောက်တောင်မှပြောထားလိုက်ရတာလဲ မဆိုးပါဘူး စေ့စပ်ပွဲဖျက်ထားလိုက်ပြီး နောက်တော့မှလက်ထပ်ပွဲ တစ်ခါတည်းစီစဉ်ရမှာပေါ့"

"ကောင်းပြီ နောက်မှ နောက်မှပေါ့ "

စိတ်ရှုပ်စရာဘဲ ဒါက နောက်မှဆိုတော့လည်းအချိန်တစ်ခုလောက်ရှိသေးတာပဲ

ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်ပြီး ဝင်လာခဲ့လိုက်တော့

"အော . . janငါ စာရင်းလာယူတာ"

"နေ့လည်စာစား အုံးမှပေါ့ အဲ့တာနောက်မှယူ"

ဆွဲခေါ်သွားတော့ တရွတ်တိုက်ပါသွားတော့သည်

တကယ်ဒီလူက တဇွတ်ထိုးပဲ  ကုမ္ပဏီ ဝန်ထမ်းတို့က ကျနော်တို့ကို ကြည့်ကွက် ကြည့်ကွက် လုပ်နေကြသည်

"Jan လွှတ်တော့ငါ့ကို"

တိုးတိုး ဆိုလိုက်တော့

"ဘယ်သူက ဘာပြောနိုင်မှာမို့လို့လဲ ပြောလည်းကိစ္စမရှိဘူး သူတို့ကိုဂရုမစိုက်ဘဲ ကိုယ့်ကိုပဲအာရုံစိုက်ပါ victo "

ထယ်ယောင်းဘာမှ မပြောဖြစ်လိုက်တော့

နာမည်ကြီးဆိုင်တစ်ဆိုင်ထဲ ဝင်သွားသော jan
ကျနော်ကိုလည်း ဆွဲခေါ်သွားသေးသည်

"ကိုယ့်ရဲ့Victo  စိတ်ကြိုက်မှာလိုက်ပါဗျာ"

အစားဂျီးများတဲ့ ကျနော်ကို ဦးစားပေးနေတာ အမြင်ကပ်စရာကောင်းလိုက်တာ

နှစ်ယောက်သား နေ့လည်စာအတူစားရင်း အလုပ်နဲ့ပတ်သက်တာတွေ အချို့စကားတွေ
အတူတူပြောရင်း အချိန်ကုန်နေခဲ့တော့သည်

ညနေဘက်ရောက်တော့ လာကြိုပေးမယ့်အကြောင်းဟျောင်းကိုကြိုပြောထားပြီး ကျနော်စောစောထွက်လာခဲ့လိုက်တော့သည်

အောက်တွင်ကြိုစောင့်နေသော ကျနော်ရဲ့ တစ်ယောက်တည်းသောသူ

Exclusive To You (Completed)Where stories live. Discover now