Unicode
ဥက္ကဠကင်မ်အိမ်တွင် လူတစ်ရှုပ်ရှုပ်နဲ့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတော့သည်
အကြောင်းသည်ကား မနက်ဖြန်သားငယ်အတွက် မွေးနေ့ခေါ် မိတ်ဆက်ပွဲ လုပ်ရန်ဖြစ်သည်
ဒါကိုမလုပ်ချင်ပါဘူး အတင်းငြင်းနေသောသားဖြစ်သူက တော်တော်လက်ပေါက်ကပ်လှသည်
စီစဉ်ပြီးခါမှမဖျက်ရန်သင့် ကင်မ်ထယ်ယောင်းတို့တော်တော်စိတ်ပေါက်နေရောပေါ့
လူတွေက ဟိုပြင်နေတဲ့သူ အလှဆင်နေတဲ့သူ သိပ်ကိုမှ အမြင်ရှုပ်လှသည်
ထယ်ယောင်း jan နဲ့အဲ့နေ့ကတည်းကစကားမပြောဖြစ်ပေ သူ့ဘက်ကလည်းမခေါ် ကိုယ်ကလည်းမပြော ဒေါသထွက်ဖို့တော့ကောင်းသည်
အပြစ်ရှိပြီးပျက်ကွက်သူက ထယ်ယောင်းမဟုတ်ပါလေဒါတောင်သူ့ဘက်ကဆက်သွယ်မလာတာက သိပ်စိတ်တိုဖို့ကောင်းသည်
သူ့အရင်ဆက်သွယ်လိုက်ရင်လည်း နားရည်ဝနေပြီဖြစ်တဲ့အလုပ်ကြောင့်ပါ အားချိန်မရှိလို့ပါ အဲ့ဒီဆင်ခြေတွေပဲ ရနေတော့မည်
တစ်နိုင်ငံလုံးအလုပ်တွေသူတစ်ယောက်တည်းလုပ်နေသလားအောက်မေ့ရသည်
တစ်ခါတစ်လေဒါကပဲ သိပ်စိတ်ပျက်ဖို့ကောင်းလှသည် အဲ့ဒီအလုပ်ဆိုတဲ့အရာပေါ့
"ချီးလိုပဲ စိတ်တိုဖို့ကောင်းလိုက်တာ ရှုပ်ရှက်ခတ်နေတဲ့မြင်ကွင်းက အာရုံနောက်လိုက်တာပဲ"
ထယ်ယောင်း တစ်ယောက်သောသူကိုကြိမ်ဆဲပြီးတော့ စိတ်ရှုပ်စရာကောင်းတဲ့လူတွေကိုအပြစ်ပုံချနေတော့သည်
အင်း သီးခံထားအုံးမှပေါ့ မနက်ဖြန်ပွဲမှာသူjanကိုမဖိတ်ထားပေမယ့် သေချာပေါက် အစ်ကိုကဖိတ်မည်ပင်
မနေ့ကအစ်ကိုနဲ့စကားပြောဖြစ်သော သူငယ်ချင်းလို့သိရသည် လာပါစေအုံးပေါ့ သိပ်စိတ်တိုဖို့ကောင်းတဲ့ လူလိမ်ကြီး
ညနေဘက်ပွဲမစခင်အလိုကတည်း ကထယ်ယောင်းဝတ်ထားရသောအကျီတို့နဲ့ နောက်လာကြတော့မည့်လူတွေအတွက် တကယ်ငရဲလိုပင်ဖြစ်နေတော့မှာကြိုတွေးနေသည်