15

206 23 2
                                    

Zawgyi

ရုံးပိတ်ရက်ဖြစ်တာမို့ ထယ်ယောင်းတော်တော်ပင်အိပ်ပျော်နေတော့သည်

ဘယ်မှသွားစရာလည်းရှိမနေသလို ခေါ်လည်းလိုက်မှာမဟုတ်

ပိတ်ရက်ဆိုတာထယ်ယောင်းအတွက် အိမ်ကပ်ရက်ဖြစ်နေတော့တာပေါ့

မနက်နေမြင့်ချိန် လောက်နိုးလာပြီး အောက်ဆင်းလာလေတော့ အပြင်ဘက်ထိုင်နေသော ဟျောင်းမျက်နှာ ကမကောင်းနေတာသိသာနေလွန်းသည်

ရည်းစားနဲ့ပြတ်ရအောင် အခုထိတစ်ယောက်မှမရှိသေးတာမျက်မြင် ဘာကြောင့်မျက်နှာမကောင်းနေတာပါလိမ့်

ထယ်ယောင်းမေးလည်း မေးမနေတော့ မနက်စာမစားခြင်တာမို့ ပန်းသီးလှီးရင် ဧည့်ခန်းထဲထိုင်နေတော့ စားပွဲပေါ်ကဖိတ်စာ တစ်စောင်ကို အာရုံရောက်သွားတော့

လေဟာနယ်ထဲရောက်သွားသလို တလောကလုံးနဲ့ ဆက်သွယ်ပြတ်သွားသလို သစ်သီးလှီးရင်းကြည့်မိတာကြောင့်ဓားရှသွားပြီး လက်ကသွေးထွက်နေတာတောင် အံ့ဩနေမှုကြောင့် နာဖို့တောင်မေ့လျော့သွားခဲ့တော့သည်

ဖိတ်စာထဲ အကြောင်းအရာက jeon jungkook & Erika တို့ မင်္ဂလာပွဲဆိုတဲ့ဖိတ်စာ အမြင်မှားတယ်ပြောရအောင် သတို့သမီးနေရာကသူမက ကျနော်အမဆိုသူ ပြီးတော့ jan

စေ့စပ်ပွဲဖျက်တယ်ဆိုတာ ဒါအတွက်လား သိပ်ရက်စက်လွန်းမနေဘူးလား

ဒါကြောင့်အကြိမ်ကြိမ်တောင်းပန်နေခဲ့တာလား ငါခင်ဗျားကိုအရမ်းချစ်တာပါ jan ရာ

ခင်ဗျား တစ်ခုခုတော့ အကြောင်းပြချက်ပေးလို့ရမလား

ငါယုံကြည်ပေးမယ်လေ ပြီးတော့ငါတို့အတူတူ ထွက်သွားကြမယ် jan

ငါ့ကိုအကြောင်းပြချက်ပေးဖို့ လာ‌ရှာမှာမလား ဒါကိုယ့်သဘောမဟုတ်ပါဘူး အတင်းစီစဉ်တာပါဆိုပြီးလေ

အဲ့တာခင်ဗျားအလိုကျမဟုတ်မှန်း ငါသိတယ် ဒါကြောင့်မို့ ခင်ဗျားငါ ကိုလာတွေ့ပြီး ပြောတာကို ငါ့စောင့်နေမှာပါ အဲ့ဒီခါကျမှ ငါတို့ အတူတူ ထွက်သွားကြမယ်လေ

ထယ်ယောင်း အတွေးထဲမျောရင်း မျက်ရည်တွေသာကျနေပြီး စိတ်တစ်ခြားကိုယ်တခြား ဖြစ်နေလေတော့သည်

Exclusive To You (Completed)Where stories live. Discover now