Unicode
မနက်စောစော ဖုန်းဆီကတုန်ခါလာသောအသံကြောင့် ထယ်ယောင်းကောက်ကိုင်လိုက်သည်
"ဘာလဲဗျာ စောစောစီးစီး ဘယ်သူလဲ ဘာပြောမလို့လဲ မြန်မြန်ပြော"
"ကိုယ်ပါ ဘာလို့စိတ်တိုနေရတာလဲ မစောဘူး၇ခွဲနေပြီ မင်းမထသေးဘူးလား"
"Janခင်ဗျား ပေါ်လာသေးတယ်လား ပန်းစီးနဲ့အုတ်ဂူနား ဂါရဝလာပြုမလို့လုပ်နေတာ"
"ပေါက်ကရတွေ ဒီတလောအလုပ်တွေ သိပ်များနေပြီး စိတ်ရှုပ်စရာတွေ ရှိနေလို့ပါနောက် တစ်နေ့တစ်ခါလောက်တွေ့ရအောင် အချိန်တွေမင်းအတွက်ချန်ပေးထားမလို့ စီစဉ်နေတာပါ"
"အာချောင်တာတော်သင့်ပြီ ဘယ်မှာလဲအဲ့ချိန် တစ်နေ့တစ်ခါတောင်ဖုန်းပြောအားလို့လား တွေ့ဖို့ဆို နှစ်ပတ်တစ်ခါ? တစ်လတစ်ခါလား "
"ဟုတ်ပါပြီ အခုကိုယ်မင်းကိုလာခေါ်မယ် အသစ်စောင့်နေနော် နောက်နာရီဝက်ဆို ရောက်ပြီ"
"ခင်ဗျားကို ယုံသင့်ရဲ့လား လူလိမ်ကောင်"
"လူလိမ်ကောင်ကြီးက နောက်နာရီဝက်ဆိုရောက်တော့မှာမလို့ မြန်မြန်ပြင်ဆင်သင့်ပြီ ကိုယ့်ရဲ့victory"
ထယ်ယောင်းအိပ်ယာကအမြန်ထ လုပ်စရာရှိတာလုပ်နေပြီး ခန့်ငြားဆုံးပြင်ဆင်နေတော့သည်
ရည်းစားနဲ့သွားတွေ့မှာကရှားရှားပါးပါး တော်တော်ကြာမှတစ်ခါ ဆိုတော့အကောင်းဆုံးဖြစ်အောင် ပြင်ဆင်သင့်ပါတယ်လေ
ဟိုလူလိမ်ကောင်နဲ့ တွဲလာတာ လေးလလောက်ပင်ရှိသေးမည်
ဖုန်းကတစ်ပတ် တစ်ခါလောက်ပြောဖြစ်ပေမယ့် တွေ့ဖို့ဆိုတာက တစ်လမှတစ်ခါတောင် သူ့ schedule ကြားဗျာများနေတာကြောင့် မလာရန်ပြောပြီး ရန်ဖြစ်နေရတာများသည်
"တကယ်ပါပဲ အဲ့လူလိမ်ကောင် အာချောင်တာတွေကိုဘာလို့ ငါငတုံးကယုံနေရတာလဲ"
"ဒီလူလိမ်ကောင် လာမှ ပြောပစ်ရအုံးမယ်"
အိမ်အောက်ဆင်းခဲ့လိုက်တော့ အစ်ကိုကအံဩသလိုကြည့်နေသည်
"ဒီနေ့စောလိုက်တာ ohh. . ကြည့်ရတာချိန်းထားသလိုပဲ နောက်ကျနေပုံဆိုတော့ မြန်မြန်သွားသင့်ပြီး ဖိနပ်ကိုကောင်းကောင်းစီးပြီးသွား"