17

227 20 0
                                    

Unicode

အိမ်တံခါးကသော့ခတ် ထားမနေတော့ ဒီအတိုင်း ဝင်လာခဲ့တော့သည် တစ်နေရာပြီး တစ်နေရာဖြတ်လျှောက်ရင်း

စာကြည့်ခန်း တံခါးကအနဲငယ်ဟနေတာမို့ မြင်နေရတဲ့ကျောပြင်ငယ်လေး

ခြေသံခပ်ဖွဖွလျှောက်သွားပြီး မနီးမဝေးနေရာကနေကြည့်နေလေတော့

Photo Albumတစ်ခုရယ် Note bookလေးရယ်  cameraတစ်လုံးဘေးချထားပြီး မလှုပ်မယှက်ထိုင်နေသော ခန္ဓာကိုယ်လေးပါရယ်

" Victory .  .  . "

ခေါ်လိုက်တော့ လှည့်ကြည့်လာသော မျက်နှာလေး မျက်လုံးတွေမှာမျက်ရည်ကြည်လေးတွေ ရစ်ဝိုင်းလို့

ဒါကအိပ်မက်လား အဲ့လိုသာဆိုငါမနိုးထချင်တဲ့ တစ်ခုတည်းသော အိမ်မက်ဖြစ်နေမလားပဲ

" Jan ခင်ဗျားဘယ်လိုဖြစ်ပြီး .  . "

" ဖက်ထားပေးလို့ရမလား "

သူ့ နှုတ်ခမ်းပေါ် လက်ညိုးလေး  အသာထိပြီး ရှူးလုပ်ပြနေတာ အရင်တိုင်း ခင်ဗျားက အမြင်ကပ်စရာကြီးပါပဲလား

ထိုရင်ခွင်ထဲနစ်ခနဲ‌ ပြေးဝင်ကာ ကိုယ်သင်းနံ့ခပ်သင်းသင်းကို ရမိလိုက်တာ ဒါဟာတကယ် အိပ်မက် မဟုတ်ဘူးဘဲ

"Jan ခင်ဗျား တကယ် ခင်ဗျားအစစ်ဘဲ ငါသိပ်ပျော်လိုက်တာ "

စားပွဲဆီသွားပြီး " ဘာတွေလုပ်နေတာလဲ အခုက "

သူ့ဘာသာမေးပြီး ထိုင်ခုံတွင်ထိုင်ကာ
" ဒါတွေ ရိုက်ထားခဲ့တာလား ဘယ်တုန်းကလဲ ကိုယ်တောင်မသိလိုက်ပါလား "

ဘေးတစောင်းပုံ ကျောဘက်ပုံ အ‌ဝေးတစ်နေ
ရာက‌နေခိုးရိုက်ထားတဲ့ပုံ အများကြီးပါပဲလား

" ဘာမှ မပြောဘဲ နေတော့မှာလား "

" အခုကိုယ်ရှိနေပြီလေ တစ်သက်လုံး မင်းဘေးမှာထာဝရနေသွားတော့မှာ "

"အော အဲ့ဒီဂျူတီကုတ်က ဘယ်ကဘယ်လိုရောက်လာတာလဲ "

ဂျောင်ဂုလည်း ဖြစ်ကြောင်းကုန်စင် ပြောလိုက်တော့ ခုနကသူမဟုတ်တဲ့အတိုင်း တဟားဟားအော်ရီနေလိုက်များ

" ဟေး .  . မင်းရီတာ တော်သင့်ပြီ "

" ဒါပေမယ့် ငါရီနေတာအရှိန်သတ်လို့မရဘူးဖြစ်နေတာ အိုခေ .  . အိုခေ ငါမရီတော့ဘူး "

Exclusive To You (Completed)Où les histoires vivent. Découvrez maintenant