6

255 23 0
                                    

Unicode

"Victo .  . Victory ထတော့လေ ဒီနေ့မှ အိပ်ပုပ်ကြီးနေပါလား"

ထိုချိန် အင်းအမ်းအဲ ဖြင့်ထယ်ယောင်းတစ်ယောက်နိုးလာတော့သည် ဒီနေ့တော့ သူနောက်ကျမှနိုးလာသည်

မနေ့ကခရီးတွေသွားတာကော ပင်ပန်းနေတာဖြစ်မည်

အပြန်ရထားဖြင့် wroclowသို့ပြန်သွားတော့ထယ်ယောင်းတစ်ယောက် janပုခုံးပေါ် ‌ ခေါင်းမှီပြီးမှိန်းထားရင်း လိုက်လာလေသည်

Torunထွက်လာသည်က ၁၀ လောက်ကဖြစ်တော့ wroclowကို ၂ နာရီလောက်ရောက်သည်

ရထားပေါ်တွင် ထယ်ယောင်းသည် စားလိုက် ဂျောင်ဂုပုခုံးပေါ် အိပ်လိုက်ဖြင့်ပင် အခုလည်းပုခုံးပေါ်အိပ်ပျော်နေသော ကောင်လေးအား နှိုးရတော့သည်

"Victo  ထတော့လေ ရောက်ပြီ"

"Victo .    . Victory "

ထိုသို့ဖြင့်နှိုးမှနိုးလာခဲ့သည် အတော်အိပ်ပုပ်ကြီးနေတာပဲ

"အော jan  ခင်ဗျားငါ့အိမ်ပဲ လိုက်ခဲ့လေ Hotelဆိုတော့ ဘယ်လွှတ်လပ်ပါ့မလဲ"

မဆီလျော်သောဆင်ခြေတစ်ခုသာ

ဂျောင်ဂုလည်း ပြောသည့်သူကပြောလာသလို အလုပ်ကလည်းသိပ်မရှိ ရှိလည်းvictoအိမ်မှာလုပ်လည်းအဆင်ပြေတာမို့ အဲ့မှာပဲနေရန်ဆုံးဖြတ်လိုက်သည်

အိမ်အရင်မပြန်ပဲmarketထဲ ဝယ်စရာရှိသည်ဆိုလာသောvicto  ဂျောင်ဂုလည်း victo သဘောအတိုင်းပင်

အိမ်ရောက်တော့ ထယ်ယောင်းသည် မီးဖိုချောင်ထဲဝင်ပြီး Polandရဲ့ ရိုးရားအစားအစာ တစ်ခုဖြစ်တဲ့ Pierogi ကိုချက်ရန်ပြင်သည်

"ဘာကူရအုံးမလဲ ကိုယ့်ရဲ့ victo"

"အော အာလူးကိုညှက်အောင် ချေပေးလေ"
ဂျောင်ဂုသည် အာလူးကိုပန်းကန်အဝိုင်းတစ်ခုထဲထည့် ညှက်အောင် ဇွန်းဖြင့်ချေနေတော့

တစ်ဖက်ရှိvictoက ချိစ် အခြားပါဝင်ပစ္စည်းတွေနှင့် မွှေနေတော့ သူတို့သည်အပေးအယူညီမျှစွာဖြင့် အလုပ်လုပ်နေသည်ဆိုရမလားပင်

အာလူးကိုချေ‌ပြီးသွားတော့ ထယ်ယောင်းမွှေထားသော ချိစ်ကို ချေပြီသားအားလူးနဲ့ရောနယ်ပြီး မုန့်အနှစ်ကိုအဝိုင်းလုပ်ပြီး ရောနှယ်ထားသောအရာတွေကို အစာသွပ်လိုက်ပြီး ဆူနေသောရေထဲပြုပ်လိုက်လေတော့သည်

Exclusive To You (Completed)Where stories live. Discover now