Chapter 3:သွေးစွန်းနေသောဂျူတီကုတ်

29 6 0
                                    

Chapter 3:သွေးစွန်းနေသောဂျူတီကုတ်

ဈာန်ဒီပါရဲ့လတ်တလောအခြေအနေအရ အထွေထွေကုသဆောင်၏ လူနာခန်းတွင်ထားထားရသည် …လူနာဆောင်ရောက်မှ ဈာန်ဒီပါ ဘယ်သူလဲသိရတာကြောင့် တယ်ရီတို့၃ယောက်အလျှင်အမြန်ဦးညွှတ်ရခြင်း

"CEOအဆင်ပြေရဲ့လား "
လူနာဆောင်ထဲအသည်းအသန်ပြေးဝင်လာသောလူကြောင့် ကော့ရှိုင်းတို့အမြန်လမ်းဖယ်ပေးလိုက်ရသည်။

"အဆင်ပြေပါတယ် ဒီကဒေါက်တာတို့ကျေးဇူးကြောင့်ပေါ့ "

-ဒါဆိုဈာန်ဒီပါကဒီဆေးရုံစီမံခန့်ခွဲရေးပိုင်းက CEO ၊
ဆေးရုံအုပ်ကြီးသား ၊အထူးသဖြင့်ဒါဒါဦးအကို
ဇာတ်လိုက်မင်းသားရဲ့ယောက်ဖပေါ့ -
ကော့ရှိုင်းဇာတ်ညွှန်းစရေးကတည်းက ဒါဒါဦးအကို
ဈာန်ဒီပါဟုပါသော်လည်း အမြှောက်စာဇာတ်ကောင်မို့သိပ်ပြီးအာရုံမထားမိခဲ့

"အမြှောက်စာဇာတ်ကောင်ကိုငါလေးကလျှာရှည်ပြီး
ကယ်လိုက်တာလား ငါလူးး"

"ဒေါက်တာဟန် ဘာပြောလိုက်တာလဲ"
ကော့ရှိုင်းတိုးတိုးလေးပြောနေသည်ကို ထိုလူမြင်သွားသည်ထင် မေးခွန်းထုတ်လာတာကြောင့်အလျင်အမြန်ပင် ခေါင်းခါလိုက်ပြီး

"မဟုတ်ပါဘူး ဒီတိုင်း"

ခွန်းသကဈာန်ဒီပါရဲ့ ဝေယျာဝစ္စအကုန်လုပ်ပေးပြီး
"ရုတ်တရက် အဖြစ်အပျက်ကြောင့်အားနည်းသွားတာပါ စိုးရိမ်စရာမရှိတော့ပါဘူး"

"ဟုတ်ပါပြီ ဒါဆိုကျွန်တော်တို့စကားပြောရအောင် ဒေါက်တာဟန် ဒေါက်တာဘီဝိုင်နဲ့ ကောင်လေးခွန်းသ"

ဈာန်ဒီပါကအရိပ်အခြေပြလိုက်တာမို့သူ၏အတွင်းရေးမှူးဆိုသူလဲ အပြင်ထွက်ကာ တံခါးပိတ်သွားသည်။တံခါးမပိတ်ခင် အပြင်ဘက်ကဒါဒါဦးကို ဘီဝိုင်ရအောင်မြင်လိုက်ပါသေးသည်။

"ဘာလို့တံခါးပိတ်လိုက်တာလဲ "
ဒါဒါရဲ့အမေးကို အတွင်းရေးမှူးကပဲ
"CEOကဒေါက်တာတို့နဲ့အရေးတကြီးဆွေးနွေးစရာရှိလို့ထင်ပါတယ်"

"ကိုကိုတို့ကလေ အမြဲသူ့သဘောကြီးပဲ"

အပြင်ကဒါဒါဦးထွက်သွားသံကြားမှ ဈာန်ဒီပါကစကားစသည် ။
"ကျွန်တော့်ကိုဘယ်လိုဖြစ်ပြီးရှာတွေ့ကြတာလဲ"

HORROR SYSTEM IN ROMANCE MODEWhere stories live. Discover now