Chapter 9:စီးကရက်သောက်သည့်ဆရာဝန်
"မင်းငါ့ကိုတစ်ခုပဲမေးခွင့်ရှိမယ် နှစ်ခုမေးရင်မင်းကိုငါသတ်မယ်"
"သုံးခုဆိုရင်ရော"
"အင်း မင်းကိုငါသတ်မယ်…"
သူဘယ်လိုပဲပြောပြော ကော့ရှိုင်းကသတ်လဲသေမဲ့သူ
မဟုတ်တာကြောင့် သူနဲ့ထပ်အငြင်းပွားမည့်အစီအစဥ်ကို ဘေးဖယ်လိုက်သည် ။"ဘာလို့လဲ…"
"ဒါတွေကမင်းအလုပ်မဟုတ်ဘူး"
"ခင်ဗျားကိုကျွန်တော် ရဲတိုင်လိုက်လို့ရတယ်…"
"မင်းတိုင်မှာမဟုတ်ဘူး…"
ဘုန်းခတ်ရှိန်ကခပ်ဟဟရီကာ ကော့ရှိုင်းကိုကျော်၍
သူ၏အနောက်တွင်ရပ်လိုက်သည် ။
ဟန်ကော့ရှိုင်းဘက်မှအမူအရာမပျက်သွားသည့်တိုင်
ပါးစပ်ပိတ်သွားသည်မို့ ခတ်ရှိန်အဓိပ္ပာယ်ရှိရှိပြုံးကာဆက်မေးလိုက်သည် …"ဒါဆိုငါမင်းကိုမေးမယ် …မင်းဘယ်သူလဲဟန်ကော့ရှိုင်း"
ရုတ်တရက်အေးစက်သောခံစားချက်နှင့်အတူ ကော့ရှိုင်း ခဏတာကြောင်အ သွားလျက် လက်များမှာလဲ
ဆုပ်ကိုင်စရာတစ်ခုခုကိုရှာနေသည့်နှယ် …။-ဒီစကားကငါမေးရမှာမဟုတ်ဘူးလား ဘုန်းခတ်ရှိန်ရေ …မင်းကမှဘယ်လိုကောင်တုန်း … ငါ့အကြောင်းတွေ အကုန်လုံးကိုသိများသိနေသလား ဘယ်ကကောင်တုန်းကွာ-
ဟန်ကော့ရှိုင်းတစ်ယောက် အမူအရာကိုနဂိုအတိုင်း
ပြန်ထိန်းကာ ခတ်ရှိန်ဘက်လှည့်လိုက်ရင်း…"မရီရဘူး ဘုန်းခတ်ရှိန်"
"မင်းသာငါ့ကိုခတ်ရှိန်လို့ခေါ်ရင် ငါပိုသဘောကျမယ်
ထင်တယ်""အင်း ဒါလဲမရီရဘူး"
ကော့ရှိုင်းစကားဆုံးတော့ခတ်ရှိန်ကတဟားဟားနှင့်
အော်ရီပြန်သည် …။-ဒီကောင် စိတ်များဖောက်ပြန်နေသလား-
"ဆောရီး ငါကရီရမယ်ထင်လို့"
"မင်းငါ့ကိုဘာဖြေရှင်းချက်မှမပေးတော့ဘူးလား"
"ဘာကို …?"
"အလောင်းကိစ္စ"
"မင်းနဲ့ငါဒီကိစ္စအတွက် အရေးတယူပြောစရာမရှိဘူး"
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others