Unicode
ခေတ်ဟန်သျှင်းနှင့်အတူ စာအုပ်များပြန်စီရင်း လိုရမယ်ရ ၂၀၁၄ခုနှစ် သေဆုံးစာရင်းမှ လူနာလွန်းဟံအကြောင်းရေးထားသည့် စာရွက်အား စုတ်ဖြဲကာအိတ်ကပ်ထဲ ထည့်လိုက်ရင်း အခြေအနေကြည့်ရန် အနောက်လှည့်ကြည့်လိုက်တော့ အခန်းတံခါး အပေါက်ဝတွင် ရပ်နေသောသူကြောင့် ဟန်ကော့ရှိုင်းခန္ဓာကိုယ်မှာအနည်းငယ် တုန်တက်သွားရ၏။
"ဘုန်းခတ်ရှိန်"
ကော့ရှိုင်းမှာခတ်ရှိန်နာမည်အားခေါ်မိလိုက်တာကြောင့် စာအုပ်စီ နေသည့်ဟန်သျှင်းပါ လှည့်ကြည့်လာသည်။
“အော် ဒေါက်တာဘုန်း ဘာယူစရာရှိလို့လဲ"
ဘုန်းခတ်ရှိန်မှာ ကော့ရှိုင်းအမြင်တွင် အနဲငယ်ထိပ်ပြာနေသည့်အပြင် ချွေးအနည်းငယ်ဆို့နေသည်ဟု ထင်ရသော်လည်း သူ့ပြောလိုက်သည့် စကားမှာအေးရာအေးကြောင်း။
“အလုပ်ကလေးရှိလို့ ရောက်လာတာ"
သူလိမ်လိုက်ပြန်သည် ။ မနက်ပိုင်းအချိန်ကြာခွဲစိတ်မှုအတူလုပ်ခဲ့ရ သောကြောင့် ဟန်ကော့ရှိုင်းနှင့်
ဘုန်းခတ်ရှိန်မှာ ဒီညdutyမရှိသူများ ပင်။ဘုန်းခတ်ရှိန်မှာ ဟန်ကော့ရှိုင်းတို့အနားလာကာ ဖရိုဖရဲဖြစ်နေသော စာအုပ်များကိုဝိုင်းကူစီပေးနေ၏။
“ဘာဖြစ်ထားကြတာလဲ"
ဘုန်းခတ်ရှိန်အမေးကို ဟန်ကော့ရှိုင်းကမဖြေသောကြောင့် ခေတ်ဟန်သျှင်းကပဲဦးဆောင်ရင်း
“အကိုကော့ကရှာစရာရှိလို့ ကျွန်တော်နဲ့အတူ၅လွှာကိုလိုက်လာတာ ကျွန်တော်ပြန်အရောက်မြန်လို့ပေါ့ စာအုပ်စင်ကအကိုကော့ပေါ် ပြုတ်ကျတော့မှာ ကျွန်တော်အမြန်ပေးဆွဲလိုက်လို့သာ
"ရှာစရာ? မဟုတ် မင်းအဆင်ပြေရဲ့လား”
သူမေးလိုက်မှ ညာဘက်လက်အားဂျူတီကုတ်အနောက်သို့ ဝှက်လိုက်သော ကော့ရှိုင်းကြောင့်
သူစုတ်*တစ်ချက်သက်မိသည်။"အမ် ငါလား အဆင်ပြေတာပေါ့”
“ဘယ်နားကအဆင်ပြေတာလဲ ဒီလောက်လက်ကောက်ဝတ်ကြီး နီရဲနေတာကို သူများမေးရင်ပျင်းလို့အရောင်ဆိုးထားတာပါလို့ အကိုကော့ဖြေ
မလား"

YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HororOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others