Chapter 15: ဧကရီယူဂျင်းဈာပနနှင့် အထူးကုခေတ်ဟန်သျှင်း တာဝန်ရပ်ဆိုင်း

15 3 2
                                    

Unicode

-ဆေးရုံစီမံခန့်ခွဲရေး တွဲဖက်ကိုယ်စားလှယ် ဒါရိုက်တာမဧကရီယူဂျင်း သေဆုံး

-သွားဘက်ဆိုင်ရာအထူးကု ဒေါက်တာခေတ်ဟန်သျှင်းတာဝန် ရပ်ဆိုင်း-

ဆေးရုံအတွင်းပြောစရာခေါင်းစဉ်ရပ်မှာနှစ်ခုရှိနေသည့်အပေါ် လူအများမှာတစ်ခုမှမလွတ်စေရပဲ အရပြောနေကြသည်။ "တာဝန်ရပ်ဆိုင်းသွားတဲ့အထူးကုဒေါက်တာက ဟိုတလောက အသစ်ပြောင်းလာတဲ့ချောချောလေးမလား"

"ဟုတ်တယ်ဟုတ်တယ်သူ ခြေထောက်တစ်ဖက်ကျိုးသွားလို့ ဆိုလားပဲ"

"ဟယ် ဘယ်လိုဖြစ်တာလဲ နှမြောလိုက်တာ"

"သေချာမသိရဘူး CEOကမတော်တဆလို့ပဲပြောတာ"

ဌာနမှnurseလေးနှစ်ယောက်၏ ခေတ်ဟန်သျှင်းအကြောင်း မေးမြန်းနေသည့်စကားသံများအား ကော့ရှိုင်းမှာကောင်တာပေါ် သူကိုင်လာသောဖိုင်ကိုပစ်တင်ရင်း ရပ်လိုက်သည်။

"အလုပ်မရှိကြဘူးလား .. ခဏနေပြင်ပလူနာဆောင်မှာ ငါ့Roundချိန်ရှိတယ် ပြင်ဆင်ထားလိုက်"

ရုံးခန်းထဲပြန်ဝင်လာကာ သက်ပြင်းချရင်းခြေပစ်လက်ပစ်ထိုင်ချမိ၏။ တစ်ညလေးထဲနဲ့ အများကြီးဖြစ်ပျက်သွားသည်လား ။မမျှော်လင့်

ထားသည့်လူသေဆုံးမှုနှင့်အတူ ခေတ်ဟန်သျှင်း၏ ခြေတစ်ဖက်ဆုံးရှုံးမှု။

ရှည်ကြာသောသက်ပြင်းနှင်အတူ မျက်လုံးအားစုံမှိတ်ထားလိုက်မိ သည်။

"ညကငါလိုက်သွားခဲ့ရင်ကောင်းသားကွာ .. "

လွန်ခဲ့သော ၁၅နာရီခန့် (မေလ ၁၆ရက်နေ့ ည၉နာရီ)

ရုံးပိုင်းဝန်ထမ်းအားလုံး ပြန်ပြီးသည်ဖြစ်သော်လည်း အလောတကြီး ပြန်ဝင်လာသော CEO၏ပါတနာ ဒါရိုက်တာအသစ်လေး ဧကရီယူဂျင်းကြောင့် ဧည့်ကြိုကောင်တာမှဝန်ထမ်းတစ်ချို့ အမြန်ပင် ဦးညွှတ်လိုက်သည်။

"အာ shittt!! ဘာလို့ဈာန်ရဲ့အခန်းမှာမှကျန်ခဲ့ရလဲမသိဘူး"

ဓာတ်လှေကားရှေ့တွင်စောင့်ရင်း ပိုက်ဆံအိတ်အားမွှေနှောက်ကာ စိတ်ရှုပ်ဟန်ပြနေသောသူမ။ ၈လွှာခလုတ်အားနှိပ်သော်လည်း ဘာမှမထူးခြားသောကြောင့် အနီးအနားမှလုံခြုံရေးအား လက်ယှက်ခေါ်လိုက်သည်။

HORROR SYSTEM IN ROMANCE MODEWhere stories live. Discover now