Chapter 8:စီးကရက်သောက်သည့်ဆရာဝန်
ဆေးနံ့ပြင်းပြင်းတွေ နှာခေါင်းထဲတိုးဝင်လာကြောင့်
မျက်လုံးဖွင့်ကြည့်မိတော့ လူနာခန်းတစ်ခန်းပင် …
ဘေးကုတင်ကိုလှမ်းကြည့်မိတော့ လူနာဝတ်စုံဖြင့်
အိပ်ပျော်နေဆဲဖြစ်သည့် ဒေါက်တာမြေ့ယွန်းမြတ် ။သူမမျက်နှာတစ်ခြမ်းကအနည်းငယ်ယောင်နေသည်မို့ မနေ့က ဒေါက်တာဘီ သူမမျက်နှာအားထိုးလိုက်သည်ကိုပင် ခေတ်ဟန်သျှင်း သတိရသွားသည် ။
ကုတင်ပေါ်မှအသာအယာဆင်းရင်း နာရီကိုလှမ်းကြည့်လိုက်တော့ မနက်သုံးနာရီကျော် …
မနေ့ညကသွားဘက်ဆိုင်ရာဌာနမှာ လိုတဲ့ပစ္စည်းအချို့ကိုဆေးဝါးဌာနတွင်သွားယူ၍ ရတယ်ဆိုတာကြောင့်ထွက်လာခဲ့ခြင်းပင်။ ဟိုရောက်မှအရေးတကြီးအိမ်သာ ရှာမိရင်း ကြုံခဲ့ရသည့်အဖြစ်အပျက်မှာ အခုချိန်ထိအံ့သြနေတုန်း ။
အပြင်ထွက်မည်အပြုတံခါးဖွင့်ပြီး ဝင်လာသော
ဒေါက်တာဟန်ကော့ရှိုင်းနှင့် ဘီဝိုင်ကြောင့် ဟန်သျှင်း
ကုတင်ပေါ်မှာပြန်ထိုင်နေလိုက်သည် ။ကော့ရှိုင်းကဟန်သျှင်းကိုပြုံးပြကာ
" နိုးနေတာကြာပြီလား ""ဗျာ! … မကြာပါဘူးအခုလေးတင်ပဲ"
ကော့ရှိုင်းအနောက်မှာရပ်နေတဲ့ ဒေါက်တာဘီကို
လှမ်းကြည့်လိုက်တော့ လူနာဝတ်စုံပင်မလဲရသေး
နဖူးတွင်လဲ ပတ်တီးအဖွေးသားနှင့် ။ခေတ်ဟန်သျှင်းကဘီဝိုင်ကို သေချာကြည့်နေတာမို့
ဟန်ကော့ရှိုင်းက ရီကာ
"သူကနှစ်ချက်ချုပ်လိုက်ရတယ်လေ တော်တော်ဆိုးဆိုးပဲ"ဒေါက်တာဟန်ကခေါင်းခါပြီးရီရင်း မြေ့ယွန်းမြတ်
ကုတင်ဘက်ကိုသွားကာ အခြေအနေစစ်နေသည် ။"ဘီဝိုင် ညကထိုးလိုက်တာအားပါသွားတယ်ထင်တယ် အခုထိတောင်နိုးမလာသေးဘူး"
ကော့ရှိုင်းရဲ့ခပ်နောက်နောက်စကားကို ဟန်သျှင်းကကြိတ်ရီနေပေမဲ့ ဘီဝိုင်ကတော့ ဆိုဖာတွင်ဝင်ထိုင်ရင်းမကြည်ကြည့်ဖြင့်သာ သူတို့နှစ်ယောက်လုံးကိုကြည့်နေတော့သည် ။
"အဘီ ဘာစားမလဲ ဒါဒါဘာလုပ်ပေးရမလဲ အော်…
ဒေါက်တာခေတ်လဲနိုးနေပြီလား "
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others