Chapter 6:လူသေတိုက်
ဒေါက်တာနောင် ၈လွှာကိုရောက်တော့ဝန်ထမ်းတွေအကုန်ရှင်းနေပြီ ။ပါမောက္ခအခန်းကို တံခါးခေါက်ကာ ဝင်သွားတော့ ပါမောက္ခကြီးကသူမကိုပြုံးပြသည်။ ပစ္စည်းစာရင်းအကြောင်းပြောနေရင်း ပါမောက္ခစီမှ ရိသဲ့သဲ့စကားများကိုကြားလာရတဲ့အခါသူမ သည်းခံနိုင်စွမ်းကုန်ဆုံးလာခဲ့သည် ။သူမထွက်သွားမည်ပြောတော့ ထိုအသက် ၅၀အရွယ်ပါမောက္ခကြီးက သူမကိုတအင်းဆွဲထားတာသွားခွင့်မပြု ။
ဘယ်သူထင်မည်နည်း ပါမောက္ခကြီး၏ဇနီးကလဲ ထိုအချိန်တွင် ဆေးရုံ၏၈လွှာကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့သည်။ ယောက်ျားကိုသာကိုးကွယ်သော အမျိုးသမီးတစ်ချို့က ဘေးလူစကားနားမဝင်နိုင်။သူမကသာ ပါမောက္ခကြီးကိုဆွဲဆောင်နေပါသည်ဟူသော ပါမောက္ခကြီး၏စကားကို သူ့ဇနီးသည် မေးမြန်းခြင်းမရှိဘဲ ယုံကြည်သည် ။
၈လွှာတွင်ဝန်ထမ်းအကုန်ရှင်းနေသည်မို့ ပါမောက္ခဇနီးဖြစ်သူက ဒေါက်တာနောင်ကို အပြင်ဘက်ကော်ရစ်ဒါသို့ဆွဲသွားကာ ကြမ်းတမ်းသောစကားများဖြင့် ရှုတ်ချပြန်သည် ။ဒေါက်တာနောင်သည်လဲ လူငယ်ပီပီဒေါသကို ဆက်မထိန်းနိုင်သည်မို့ ပါမောက္ခဇနီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ပါမောက္ခဇနီးက အားဖြင့်တွန်းချလိုက်သည်မို့ ကော်ရစ်ဒါမှတစ်ဆင့်ဒေါက်တာနောင်သည်ဆေးရုံအနောက်ဘက်သို့ ၈လွှာမှပြုတ်ကျကာ ခြေထောက်တစ်ဖက်ပါကျိုး၍ သေဆုံးခဲ့သည်။
အနိုင်ရလိုဇောသာ ရှေ့တန်းတင်ထားသည့်ပါမောက္ခဇနီးက ဒေါက်တာနောင်ပြုတ်ကျသေဆုံးသည်ကို ပျော်ရွှင်မှုနှင့်အော်ရီနေခဲ့သည် ။ ပါမောက္ခကြီးကသူ့ဇနီးကို အပြစ်တင်ပြောဆိုတဲ့အခါ အနဲငယ်စိတ်ဖောက်လာချင်သော သူ့ဇနီးကလက်မခံတော့ချေ။
မရတော့တဲ့အဆုံး ပါမောက္ခကြီးကပါသူ့ဇနီးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သူ့ဇနီးကိုလည်း ထိုကော်ရစ်ဒါမှ တွန်းချခဲ့သည် ။ပါမောက္ခကြီးက သူ၏အသိရဲမှူးဖြင့် ဤကိစ္စကို ဖုံးကွယ်ကာ အလောင်းဖျောက်ဖျက်ပစ်လိုက်ပြီး ဆေးရုံတွင်လဲမတော်တဆဟုသာခေါင်းစဥ်တပ်ခဲ့သည် ။ထိုနေ့တွင် ဂျူတီဝင်နေရသည့်ဒေါက်တာဘုန်းမှာ ကိုယ်တိုင်မမြင်တွေ့ခဲ့ရသော်လဲ မယုံကြည်နိုင်ခဲ့ ။သို့သော်သူသည်ပါမောက္ခကို တက်ရင်ဆိုင်ရန်
အင်အားမှာပမွှားလောက်တောင်မရှိ။လက်လျော့၍သာနေခဲ့ပြီး ဒေါက်တာနောင် ဆုံးကတည်းက အေးစက်စက်ဖြင့်သာနေခဲ့သော ဆရာဝန်တစ်ဦးဖြစ်လာပြန်သည်။
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others