Chapter 16: ရုတ်တရက်ငါပျောက်သွားမယ်ဆို မင်းဘာဆက်လုပ်မလဲ

11 2 0
                                    

Unicode

ဆေးရုံစီမံခန့်ခွဲရေး တွဲဖက်ကိုယ်စားလှယ် ဒါရိုက်တာဧကရီယူဂျင်း၏ ဈာပနအား ဆေးရုံမှသက်ဆိုင်သူများတက်ကြမည် ။ ဟန်ကော့ရှိုင်းအပါအဝင်ပင် ။

[System : လူကြီးမင်း၏ယခုတစ်ခေါက်arcတွင် သဲလွန်စ တစ်စုံတစ်ရာမှ မှတ်ဉာဏ်ထဲတွင်မရှိသည့်အတွက် systemမှ သဲလွန်စအကူအညီပေးမည်မဟုတ်ပါ ]

"ဘာarcလဲ ဘာကိုarcလဲ ဘယ်arcလဲ ငါရေးခဲ့တဲ့ထဲ ဒါတွေတစ်ခုမှ မပါဘူး ဒါဒါဦးarcပြီးရင်
ခေတ်ဟန်သျှင်းသေ … "

ဟန်ကော့ရှိုင်း သူကိုယ်တိုင်ပြောလိုက်သောစကားသည် လမ်းတဝက်တွင်ပင် ရပ်တန့်နေသည်။

-ခေတ်ဟန်သျှင်းသေ .. ဒါမဲ့ခေတ်ဟန်သျှင်းမသေပဲ ဇာတ်ညွှန်းမှာ မပါတဲ့ အတိတ်ကဧကရီယူဂျင်းကထွက်လာပြီး အစားသေသွားတာလား -

မရေးထားသောအပိုင်းအတွက် စာရေးသူတွင်ပင်အဖြေမရှိ ။ အနာဂတ်ကိုကြိုခန့်မှန်း၍ပင်မရ။ တစ်ခန်းပြီးတစ်ခန်းပြောင်းလဲ နေသော arcများထဲတွင် သူသည်သတိမထားမိလိုက်ပဲ ပါလာနေသည်။

-သေရမဲ့သူနှစ်ယောက်တောင် အခုထိမသေပဲကျန်နေတဲ့ ဇာတ်လမ်းအပြောင်းအလဲက ဒါဆိုမသေရမဲ့သူလဲ သေနိုင်တာလား ငါလေးကရော ငါလေးလဲသေနိုင်တာလား-

[System : လူကြီးမင်းရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေရဖို့ အခုပဲ ကျန်ရှိတဲ့သဲလွန်စတွေဆက်ရှာလိုက်ကြပါစို့ ရေးး]

"ငါမျက်ခွက်က စောက်ရမ်းပျော်နေတဲ့ပုံလား"

[System : ကျွန်တော်တို့တွင် မျက်နှာခန့်မှန်းသည့်စနစ် မပါဝင်သည်ကြောင့် လူကြီးမင်းအားစိတ်
မချမ်းမသာ ဖြစ်စေခဲ့လျှင် အထက်သို့ ထိုစနစ်အားလုပ်ဆောင်ပေးရန် တင်ပြချက်ပို့လို့ရပါသည် ။ ]

"တော်ပြီ တော်ပြီ"

ရုံးခန်းတွင်ထိုင်ရင်းသာ အတွေးများစွာဖြင့်ခေါင်းစိုက်ကျနေမိသည်။ ရုတ်တရက်တဖြတ်ဖြတ်ဖြစ်သွားသော အလင်းရောင်ကြောင့် ဘေးကို လှမ်းကြည့်မိတော့မတည်ငြိမ်စွာ လှုပ်ခါနေသည့် system၏ screenမျက်နှာပြင် ။စာလုံးများပင်သေချာမမြင်ရ ဝေဝါးနေသည်။

HORROR SYSTEM IN ROMANCE MODEWhere stories live. Discover now