Chapter 7:မြေ့ယွန်းမြတ်နှင့်ဘီဝိုင်၏ အချိန်တစ်ခုကြာသတ်ပွဲ
ဘီရိုထဲကထွက်လာကာ ကော့ရှိုင်းကိုကြည့်ရင်းပြုံးနေသော ခွန်းသကြောင့် သူစိတ်သိပ်မကြည်ချင် ။
"ပြုံးမနေနဲ့ ဘယ်သူလဲမြင်လိုက်လား"သူပြောလိုက်မှခွန်းသ၏ပြုံးနေသော မျက်နှာမှာချက်ချင်းတည်သွားရင်း ကော့ရှိုင်းထိုင်နေသော ကုတင်ဘက်သို့လျှောက်လာကာ နာမည်တစ်ခုကိုပြောလိုက်သည်။
"…ဒေါက်တာဘုန်းခတ်ရှိန်…"
ခွန်းသစကားကိုကြားသော်လဲ ကော့ရှိုင်း၏အမူအရာမှာ သိသိသာသာမပြောင်းလဲသွား နဂိုအတိုင်းပင် ဈာန်ဒီပါမှာတော့ ဘီရိုထဲမှထွက်လာကတည်းကပင် အခုထိပြုံးနေသည်မှာ မရပ်နိုင် …။
"မင်းမအံ့သြဘူးလား"
ကော့ရှိုင်းကကုတင်ပေါ်မှဆင်းကာ အဝတ်ဖြူကို သေချာခေါက်ရင်းဆိုလိုက်သည်။
"ငါထင်သားပဲ ဆေးရုံမှာစီးကရက်သောက်တာသူပဲရှိတာ""ငါတော့အလောင်းယူသွားတာသူလို့ပဲ ထင်တယ်ဟုတ်တယ်မလား"
ခွန်းသကဆိုရင်း ဈာန်ဒီပါဘက်ကို မေးငေါ့ပြတော့ ဈာန်ဒီပါကပြုံးပြုံးဖြင့်သာ ခေါင်းညှိတ်ပြရင်း …"အင်း ကောင်လေးပြောတာဟုတ်တယ် သူကအလောင်းခိုးတဲ့သူမဟုတ်ရင် ဒီကအလောင်းအရေအတွက်ကိုသူ သိမှာမဟုတ်ဘူး ပြီးတော့သူကဝင်လာကတည်းက အလောင်းက၂၁လောင်းပြန်
ဖြစ်နေတာသိနေတယ် အဲ့ဒါကြောင့်ပဲ ဟန်ကော့ရှိုင်းလှဲနေတဲ့ဆီကို ရောက်လာပြီး တမင်တကာလုပ်သွားတယ်"ဒီထဲဝင်လာကတည်းက ဈာန်ဒီပါဆီမှပထမဆုံးအကြိမ်အကြံပေးချက်ကြားရသည်မို့ ကော့ရှိုင်းစိတ်ထဲမှသူ့ကို အနည်းငယ် ချီးကျူးလိုက်သည် ။ခွန်းသကဆက်ကာ…
"သူကဘာလုပ်ဖို့ယူတာလဲ ချက်စားတာတော့မဟုတ်လောက်ဘူးမလား အပိုင်းပိုင်းခုတ်ထားတာဆိုတော့"
"ဖြစ်နိုင်တာကတော့ …"
ကော့ရှိုင်းစကားမဆုံးသေးအထဲသို့ ပြေးဝင်လာသော ဒါဒါဦးကို သူတို့အားလုံးလှည့်ကြည့်မိသည်။
"ဘာ…ဘာဖြစ်တာလဲ "ဒါဒါဦးကအနဲငယ်မောနေဟန် ကြည့်ရတာသူမပြေးလာပုံပင်
"ဘီဝိုင်ဖုန်းဆက်တယ် မြေ့ယွန်းမြတ်ကထူးထူးဆန်းဆန်းဌာနအပြင်ဘက်ထွက်သွားလို့ သူလိုက်သွားနှင့်မယ်လို့ပြောတယ် လိုက်လာခဲ့ပါတဲ့"

YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HororOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others