Unicode
ဆေးရုံမြေညီထပ်ပြင်ပဆောင်တွင် ဒေါက်ဖိနပ်သံတစ်ခုကျယ်ကျယ်လောင်လောင်ပျံ့လွင့်လို့နေသည်။ လူနာများအားအနှောင့်အယှက်
ဖြစ်မည်ဆိုး၍အထူးကုများကအစ sneakersစီးနေချိန်တွင်
ဒေါက်ဖိနပ်ဖြင့် ဂုဏ်ဝံ့စွာလျှောက်လာနေသည့်အမျိုးသမီးမှာမည်သူနည်း။ပရော်ဖက်ရှင်နယ်ဆန်စွာ မိတ်ကပ်ပြင်ထားသည့်နှုတ်ခမ်းနီရဲရဲနှင့်
အမျိုးသမီးမှာ ပြင်ပဆောင်ကောင်တာအရောက်တွင် သူမတပ်ဆင်ထားသည့်နေကာမျက်မှန်ကိုချွတ်ကာ ဆေးရုံအခြေအနေအား
ကြည့်ရင်း စိတ်ပျက်သွားဟန်ပြသွားသောသူမ ။
"ဆူညံ့နေတာပဲ စိတ်ပျက်စရာ"မနက်ခင်းပိုင်းမှာဖြစ်ပျက်သွားသည့် ဆောက်လတ်စ အဆောက်အဦးပြိုကျမှုကြောင့် ပြင်ပလူနာဆောင်တွင်အရေးပေါ်လူနာအများပြားဖြင့် မည်သူမှအနားယူရသေးသူမရှိ။ အစောတုန်းကပင် ခွဲစိတ်ခန်းမှ
ထွက်လာပြီးသော်လည်း ကျန်ရှိသူလူနာစာရင်းများစစ်ရန်
ဟန်ကော့ရှိုင်းနှင့်တယ်ရီခွန်းသတို့နှစ်ယောက် ပြင်ပဆောင်ကို
ဆင်းလာခဲ့သည်။အရေးပေါ်အခြေအနေမို့ကောင်တာရှိnurseများပင်အလုံအလောက်
မရှိ အကုန်အပြေးအလွှားဖြစ်နေသည့်အခြေအနေမို့ ခွန်းသတို့သာ
နှစ်ယောက်တည်း ကောင်တာတွင်ကိုယ်တိုင်စာရင်းဝင်ကြည့်နေရ၏။"ဆူညံ့နေလိုက်တာမှတကယ်ပါပဲ အနံ့အသက်လဲဆိုးတယ်နော်"
စာရင်းစစ်နေတုန်း မိမိတို့နှစ်ယောက်ရှေ့တွင်ရပ်ကာ
နှာခေါင်းတရှုံ့ရှုံ့ဖြင့် ဟောင်ပွာပွာလုပ်နေသည့်ထိုအမျိုးသမီး။
အလောတကြီးပြင်ပဆောင်သို့ ထွက်လာတာမို့ခွန်းသမှာ
သွေးတစ်ချို့ပေနေသည့်ဂျူတီကုတ်ပင်မလဲခဲ့ရ ။အနံ့အသက်
ဆိုးတယ်နော်ဟူသောစကားမှာ မိမိအားတိုက်ရိုက်ဦးတည်နေသော
ကြောင့် ထိုအမျိုးသမီးကိုလုပ်ပြုံးဖြင့်သာ တစ်ချက်ပြုံးပြရင်း
လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။"ဒါနဲ့ဒီကအကူလေး ဥက္ကဋ္ဌရုံးခန်းကိုဘယ်လိုသွားရမလဲ"
"၈လွှာကိုတက်သွားလိုက်"
အကူနှင့်အထူးကုပင်မခွဲနိုင်သော ထိုအမျိုးသမီးအား အပြစ်မမြင်နိုင်အားသောကြောင့် ခပ်ဆတ်ဆတ်ပင်ပြန်ဖြေလိုက်သော်လည်း
ထိုအမျိုးသမီး၏ခပ်ငြူငြူပြောသွားသော အသံကိုသူတို့နှစ်ယောက်ကြားဖြစ်လိုက်ပါသေးသည်။

YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others