Chapter 17: မထင်မှတ်ထားသော အဓိကလူပျောက်ဆုံးမှု

17 4 0
                                    


Unicode

Chapter 17: မထင်မှတ်ထားသော အဓိကလူပျောက်ဆုံးမှု

ညနေက ဆေးရုံခေါင်မိုးထပ်တွင်ဘုန်းခတ်ရှိန်နှင့် ဖြစ်ရပ်တစ်ချို့အား သူပြန်မြင်ယောင်မိသည်နှင့် ခေါင်းအုံးပေါ်တွင်သာခေါင်းစိုက်ထားမိ တော့သည်။

ဘာမှဆက်မပြောဖြစ်ပဲ ထွက်လာထဲ့သည့်ကိုယ့်ကိုယ်ကို ယူကျုံးမရဖြစ်နေသည့် ဟန်ကော့ရှိုင်းပင်။

"တုံးလိုက်တာ တုံးလိုက်တဲ့ငါလေး"

-ဘာမှမပြောပဲလှည့်ထွက်လာလို့ ငါ့ကိုရှက်သွားတယ်များ ထင်နေပြီလား ငါတစ်ခုခုတော့ပြန်ပြောခဲ့လိုက်ရမှာကွာ-

"မဟုတ်ဘူး မဟုတ်ဘူး ငါရှက်နေတာမဟုတ်ဘူး"

-ငါ့ရဲ့ ပထမဆုံးအနမ်းလေးကို ဒီစီးကရက်ဦးနှောက်ကောင်-

ကုတင်ပေါ်တွင် လူးလှိမ့်နေသောဟန်ကော့ရှိုင်းအား တယ်ရီခွန်းသမှာ အကြောင်းအရင်းမသိစွာပင်ထိုင်ကြည့်နေမိသည်။

"အားး စီးကရက်ဦးနှောက်ကောင်"

"စီးကရက်ဦးနှောက်ကောင်ဆိုတာ ကျိန်ဆဲတဲ့စကားမျိုးလား"

"ဟမ် ငါအသံထွက်ပြီးပြောမိသွားတာလား"

"ဟုတ်တယ်လေ အကိုကော့ပဲပြောနေတာ”

"ကျိန်ဆဲတဲ့စကားလို့ မင်းထင်လို့ရတယ် အတည်လဲငါကျိန်ဆဲနေတာပဲ"

"ဒါဆို သတောင်းစားတို့ခွေးကောင်တို့မအေဘေးတို့လဲ ပြောလို့ရနေတာကို စီးကရက်ဦးနှောက်ကတော့ မဟုတ်သေးပါဘူး"

ဟန်ကော့ရှိုင်းမှာ စကားသံတိတ်ကာပုံမှန်အတိုင်းခေါင်းအုံးပေါ်တွင် ခေါင်းစိုက်၍ပြန်ငြိမ်နေတော့သည်။

"မနက်ဖြန် ဈာပနအကိုကော့သွားမှာလား"

"အင်းသွားရမှာပေါ့ ဒါနဲ့အလောင်းကငါတို့ဆေးရုံမှာပဲလား"

"အင်း မနက်မှလာသယ်ကြမှာ"

ပုံမှန်ဆိုလျှင် ဆေးရုံတွင်သေဆုံးမှုဖြစ်သည့်

အတွက် သေချာပေါက် ဥက္ကဋ္ဌဖြစ်သည့် ဈာန်ဒီပါအားအမှုပတ်မည်မှာအသေအချာပင်။ သို့သော်ဧကရီယူဂျင်း၏ ပြစ်မှုရှိသည်ကတစ်ကြောင်း၊ သက်သေ အလုံအလောက်ရှိသည်က တစ်ကြောင်းမို့ အမှုမရှာပဲ ဈာန်ဒီပါကိုပင် ပြန်၍တောင်းပန်သွားသေးသည်။

You've reached the end of published parts.

⏰ Last updated: Aug 05, 2024 ⏰

Add this story to your Library to get notified about new parts!

HORROR SYSTEM IN ROMANCE MODEWhere stories live. Discover now