Chapter 1:သာမာန်Horrorစာရေးဆရာ
နာမည်ကြီးရိုက်ကူးရေးတစ်ခုဖြစ်တာကြောင့် ရူတင်ပတ်ပတ်လည်တွင် လူအများအပြားဖြင့် ပြည့်ကျပ်နေသည် ။
ဒါရိုက်တာကိုယ်တိုင်ကလဲ နာမည်ကြီးတစ်ယောက်ဖြစ်တာမို့ အခုအသစ်ရိုက်နေသည့် ဇာတ်လမ်းလဲအောင်မြင်မှာမဆန်း .. ။
လင်းဟွာဒီကိုလာရတဲ့အကြောင်းအရင်းက သူအခုရေးနေတဲ့Horrorဇာတ်လမ်းကို ထိုဒါရိုက်တာမှရိုက်ကူးရေးအတွက်စာချုပ်ချုပ်ရန်ကမ်းလှမ်းထားတာမို့ ဇာတ်လမ်းအကြောင်းအရာလာဆွေးနွေးခြင်းပင် ။
"လျှို့ဝှက်မှုများသောဆေးရုံ"
ဇာတ်ညွှန်းအဖုံးပေါ်က ဇာတ်လမ်းနာမည်ကိုကြည့်ကာဒါရိုက်တာက လှမ်းယူလိုက်ပြီးသေချာဖတ်နေရင်း
"တစ်ကားလုံးကသည်းထိပ်ရင်ဖိုကြီးပဲ ကြောက်လန့်နေရမှာလား"
"နေအုံး ဒါသရဲကားလေ သူကဘာဖြစ်ချင်နေတာတုန်း" စိတ်ထဲကသာရေရွတ်မိသောကြောင့်အပြင်သို့ထုတ်မပြောဖြစ်
ကိုယ့်လိုအညာတရစာရေးဆရာလေးက ဒီလိုနာမည်ကြီး ဒါရိုက်တာနဲ့တွေ့ခွင့်ရတာ မဟာအခွင့်အရေးပဲလေ သူ့ကိုပြန်ခံပြောရအောင် သူအဲ့ဒီလောက်ရူးမနေပါ ။
"ကြည့်တဲ့သူတွေ သည်းထိပ်ရင်ဖိုဖြစ်နေရင်း ရင်ထဲကလိကလိဖြစ်အောင် အချစ်ခန်းလေးတော့ထည့်သင့်တယ်ထင်"
ဒါရိုက်တာကြီးရဲ့စကားကြောင့် သူ ခဏတာခေါင်းစားမိသည်။
"မဟုတ် …ကျွန်တော်ကHorror onlyရေးတဲ့သူလေ ဘယ်လိုလုပ်ပြီးအချစ်ခန်းကို …"
"မင်းရည်းစားရောထားဖူးရဲ့လား "
-ဒီလူက ခေါင်းစားမဲ့မေးခွန်းတွေမေးရုံတင်မက လူကိုနှိမ်ဖို့ အထိပါစဉ်းစားထားတာလား မင်းမေကလွှားး-
တကယ်လဲ သူ အထက်တန်းတုန်းက ရည်းစား ၁ယောက်သာထားဖူး၏ ။အချစ်ကိုရေရေလည်လည်နားမလည်သည့်အပြင် ဖွဲ့ဖွဲနွဲ့နွဲ့မချစ်ပြတတ်ခြင်းကြောင့် ထိုကောင်မလေးကပါထားသွားခဲ့ခြင်း ။
စာရေးဆရာလောကထဲကိုဝင်လာကတည်းက Horrorအမျိုးအစားကိုသာ ဦးစားပေးရေးခဲ့သူမို့
သူပြောသလို ကလိကလိတွေဟာကိုယ်လဲ မစဉ်းစားတတ်။
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others