Chapter 13 : ဆေးရုံမှတ်တမ်းထိန်းသိမ်းခန်း

18 4 2
                                    

Unicode

ဈာန်ဒီပါ ထိုနေရာတွင်ထိုင်နေသည်မှာ၃နာရီထပ်ပိုလာနေသည်။ "ဟိုလေ CEO ဒေါက်တာခွန်းသရဲ့ခွဲစိတ်မှုကအရေးပေါ်အခြေအနေမို့ နောက်ထပ်နာရီအနည်းငယ်ထပ်ကြာပါအုံးမယ်ရှင့်"

စေတနာနှင့်လာပြောသောnurseလေးကိုသူအရေးမလုပ်ပေ ထွက်သွားရန်သာလက်ခါပြလိုက်၏။ ဒီကောင်လေးဘာဖြစ်နေလဲ သူသေချာသိချင်သည်။ အမြဲတမ်းပြုံးရွှင်နေတဲ့ကောင်ငယ်လေးက သူအားမျက်နှာထားတင်းတင်းဖြင့် စိတ်ဆိုးတကြီးတုံ့ပြန်နေသည်ကို သူလက်မခံနိုင် ။ ဒီကောင်လေးဆီဘာဖြစ်နေကြောင်း မေးချင်သည် ကို ဈာန်ဒီပါညအထိရွေ့ မထားချင်ပြီမို့ ကောင်လေးဂျူတီကျရာ ခွဲစိတ်ခန်းရှေ့တွင်သူလာထိုင်နေခြင်းပင် ။

အချိန်အတော်အကြာထိုင်နေသည်ကတစ်ကြောင်း ထိုင်နေသော ခုံတန်းမှာစတီးဖြစ်နေသည်ကတစ်ကြောင်း ဈာန်ဒီပါခြေထောက်တွေ ထုံကာကျဉ်တက်နေသည်မှာ ပြောမပြတတ်အောင်ထိပေ။ ဘေးမှအတွင်းရေးမှူးက ညနေစောင်းတော့မှာမို့ နေ့လည်စာစားရန် လာပြောသော်လည်း သူလိုက်မသွားခဲ့ ။တယ်ရီခွန်းသမှာ မရပ်မနား၅နာရီကြာ ခွဲစိတ်မှုလုပ်နေသော်လည်း တစ်ချက်မှမမူတာ ဈာန်ဒီပါသာနေ့လည်စာတနပ်ကလေးမစားလိုက်ရသည်မှာ မည်မျှပင် ထိခိုက်သွားမှာမို့လဲ ။

-ငါyoutubeမှာtutoကြည့်ပြီးမှ မျက်မှန်ပြင်ခဲ့ရင်ကောင်းသားကွာ.

ခွဲစိတ်ခန်းတံခါးဖွင့်ဖွင့်ခြင်းပင်မျက်နှာချင်းဆိုင်မှခုံတန်းတွင် ခေါင်းစိုက်ကျနေသော လူကြောင့်ခွန်းသကြောင်အသွားသည်။ သေချာသည်ပေါ့ ဈာန်ဒီပါ။

မိမိထံမှခွဲစိတ်ခန်းအင်္ကျီလာချွတ်ပေးသော nurseလေးမှာ ခွန်းသ အနားသို့ကပ်ကာ လေသံတိုးတိုးဖြင့်

"ဒေါက်တာ ခွဲခန်းစဝင်ကတည်းကလာထိုင်စောင့်နေတာ အခုထိမပြန် ရသေးဘူး ကျွန်မတို့လဲပြောတာပဲ CEOကမပြန်ဘူးပဲဆိုလို့ ...

ခွန်းသမှာnurseလေးကိုသွားရန်လက်ပြလိုက်ပြီး သက်ပြင်းချမိသည်။ -ခင်ဗျားနဲ့လဲဗျာ လူကိုအမျိုးမျိုးဖြစ်အောင်လုပ်နေတော့တာပဲ-

ဈာန်ဒီပါ၏ဘေးတွင်ဝင်ထိုင်လိုက်သည့်တိုင် တစ်ချက်မှမနိုး သောကြောင့် ခွန်းသခပ်ရေးရေးပြုံးမိ၏။ တချက်တချက် ငိုက်ငိုက်ကျနေသောခေါင်းကြောင့် ခွန်းသတစ်ယောက်ပုခုံးကို အနဲငယ်လျှောချလိုက်ပြီး ဈာန်ဒီပါ၏ခေါင်းအားဖွဖွလေးကိုင်ကာ သူ့ပုခုံးပေါ်မှီစေလိုက်သည်။

HORROR SYSTEM IN ROMANCE MODEWhere stories live. Discover now