Chapter 10:မူလဟန်ကော့ရှိုင်းနှင့်ယခုဟန်ကော့ရှိုင်းမှာမတူခြင်း
ညစာစားဖို့ဆေးရုံကန်တင်းဘက်ဆင်းလာရင်း
ကော့ရှိုင်းတစ်ယောက် ဘီဝိုင်ကိုတွေ့လိုတွေ့ညှားဝေ့ဝိုက်ရှာနေမိသည်။-သူဒီညဂျူတီမရှိဘူးလား ငါ့လဲဘာမှမပြောဘူး-
အခန်းဆက်တွေကဆက်တိုက်သွားနေပြီမို့ ဘယ်အခြေအနေ ဘယ်Arcရောက်နေပြီလဲဆိုတာ ကော့ရှိုင်းမခန့်မှန်းနိုင် …။သူ့ရဲ့တိုင်ပင်ဘက် တူမတော်လေးကိုသူ့ဆီလာရန်သာ မက်ဆေ့ခ်ျပို့လိုက်ပြီး ထမင်းထိုင်စားနေလိုက်သည်။
-အခုလောက်ဆိုအပိုင်း၅ကိုဝင်နေလောက်ပြီလား
မြေ့ယွန်းမြတ်Arcကအပိုင်း၃မှာ အခုပြီးပြီဆိုတော့
ဒါဒါဦးArc အပိုင်း၅ကိုကပ်နေပြီ -"ဒီညလား!!!"
"ဒီညပါတီရှိလို့လား ဒေါက်တာ"
"ငါလူးး…နှလုံး ကျောက်ကပ် အရိုးအကြော…!!!ဖီးးး
ယောင်ကုန်ပြီ ဒေါက်တာမြေ့ဘယ်ကထွက်လာတာလဲ!!"မြေ့ယွန်းမြတ်က အရှေ့တွင်ထိုင်ကာ ကော့ရှိုင်း
ယောင်တာကို ကြည့်ရင်းသဘောတကျနဲ့ရီနေသည်။
လောလောလတ်လတ်ဒဏ်ရာတွေနဲ့မို့ သူမပါးပေါ်က
ပလာစတာတွေတောင်မခွာရသေး …။"အဟား…မြေ့ကဒီမှာထိုင်နေတာကြာပြီ ဒေါက်တာဟန်ကဘာတွေတွေးနေလဲမှမသိတာ"
"အာ…ဆောတီးပါဗျာ ကျွန်တော်အတွေးလွန်နေတာ"
"ရပါတယ် ဒါနဲ့ဒီညကဘာရှိလို့လဲ"
"အော်…ဘာမှမရှိပါဘူး ဘီဝိုင့်ကိုတွေ့မိသေးလား"
မြေ့ယွန်းမြတ်က ယူလာတဲ့အအေးဘူးကိုဖောက်သောက်ရင်း ခေါင်းခါပြသည်။
"ဒေါက်တာခွန်းသကိုမေးတာ ပိုသင့်တော်မယ်ထင်တယ် သူတို့နှစ်ယောက်ကဌာနတစ်ခုထဲလေ"
"တခြားဌာနကလူတွေညစာလာစားတာလဲမတွေ့ဘူးနော်"
ကော့ရှိုင်းကိုကြည့်ရင်း မြေ့ယွန်းမြတ်ကနံရံတွင်ချိတ်ထားသည့် နာရီကိုမေးငေါ့ပြလိုက်သည်။
"ည၉နာရီကျော်ရှိပြီလေ ဒေါက်တာဟန်ကသာနောက်ကျနေတာ"
"အာ ကျွန်တော်အလုပ်တွေများနေတာနဲ့ နာရီတောင်မကြည့်မိလိုက်ဘူး"
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others