Chapter 5:ဇာတ်ကောင်အသစ်များပေါ်ထွက်ခြင်း
အာရုံကြောဌာနနားနေဆောင်မှာ လီမွန်တီးဖျော်ရင်း
ခေါင်းထဲဝင်လာတဲ့အတွေးက နေ့လည်တုန်းက
စားဖိုဆောင်မှာတွေ့ခဲ့တဲ့ခြေထောက်အပိုင်းအကြောင်း-သရဲကတော့ ခြေထောက်အပိုင်းခုတ်တဲ့ထိ လုပ်
လောက်မယ်မထင် မဟုတ်မှလူသတ်သမားရှိနေတာလားမဖြစ်နိုင်တာ ငါရေးထားတဲ့ထဲမှာလွန်ခဲ့တဲ့၄နှစ်က၈လွှာကလူသေမှုအပြင် တခြားလူထပ်မရှိတော့ပါဘူး -"ဒေါက်တာရေ ရေတွေလျှံနေပြီ"
အတွေးလွန်နေတာကြောင့် လောင်းထည့်နေသောရေနွေးအချို့ပါ ခွက်မှလျှံကျပြီးလက်ပေါ်စီးကျလာ၏ ! မြေ့ယွန်းမြတ် ခေါ်သံနှင့်အတူ အပူရှိန်ကိုပါခံစားမိတာကြောင့် ခွက်ကိုအမြန် ခုံပေါ်ပြန်တင်လိုက်တော့ သူမကကော့ရှိုင်းလက်ကိုလှမ်းဆွဲကာ
"ဒေါက်တာရယ် ဖြစ်ရမယ် ဘာတွေအတွေးလွန်နေတာတုန်း"
ကော့ရှိုင်း မြေ့ယွန်းမြတ်ကိုအသာယာသာ ခေါင်းခါပြရင်းသူကိုင်ထားတဲ့ မိမိ၏လက်ကို ပြန်ယူကာ ဘေစင်ရေပိုက်မှ ရေဖွင့်ပြီး ရေထဲ၌ခဏစိမ်ထားလိုက်သည်။
"ဒီရက်ပိုင်းတွေးစရာတွေများနေသလိုပဲနော်"
"အင်း ဒီလိုပါပဲ"
"အခုတလော ဆေးရုံမှာဖြစ်နေတဲ့ ထူးဆန်းတဲ့ကိစ္စတွေကြောင့်လား"
မြေ့ယွန်းမြတ်ရဲ့ မျက်နှာကို ကော့ရှိုင်းတစ်ချက်လှမ်းကြည့်မိသည်။ ထုံးစံအတိုင်း အမြဲပျော်ရွင်နေတဲ့ ပုံစံအပြင်သူသိလောက်မည့်ကိစ္စဘာမှမရှိ ။ အမြဲဖော်ရွေပြီး ပျော်ရွှင်နေတတ်တဲ့သူမဆီမှာ ကော့ရှိုင်းလိုချင်သည့်အဖြေရှိပုံမပေါ်တာကြောင့် ဂရုတစိုက်ရှိရမည့်စာရင်းတွင်သူမကိုထည့်ထားရန်မလို...။
ကော့ရှိုင်းကခပ်ပေါ့ပေါ့သာဖြေလိုက်သည်။
"အဲ့လိုပဲဆိုရမှာပေါ့"ကော့ရှိုင်းရဲ့ စကားကို မြေ့ယွန်းမြတ်ကသဘောကျ
ဟန်ဖြင့်ပြုံးနေပြန်သည် ။လက်ကိုရေထဲကထုတ်လိုက်တော့ မြေ့ယွန်းမြတ်က
အလိုက်တသိနှင့် သုတ်ရန်အဝတ်တစ်ခုကမ်းပေးကာ
"လီမွန်တီးအသစ်ဖျော်အုံးမှာလား"
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HororOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others