Chapter 4:စားဖိုဆောင်ကခြေထောက်ပြတ်
မနေ့ကတစ်ညလုံး အခန်းထဲမှာစောင့်ပေးထားတဲ့
ဒေါက်တာခွန်းသကို ဒီပါ သဘောကျနေမိသည်။
တကယ်လဲ စေတနာကောင်းတဲ့ဆရာဝန်လေး ...
ဆေးရုံမှာနာမည်နဲ့သတင်းကို ခဏခဏကြားဖူးပေမဲ့
ကိုယ်တိုင်ကြုံမှပဲ တကယ်လဲစိတ်ထားကောင်းတဲ့
ကောင်လေးမှန်း ယုံမိတယ် ။"အော် မနေ့ကCEOအိပ်ပျော်နေတုန်းမို့မပြောလိုက်တာ
ညကဆေးရုံအနောက်ဘက်မှာ အလောင်းတလောင်း
တွေ့တယ်"ခွန်းသစကားကြောင့်ဈာန်ဒီပါတစ်ချက်မျက်နှာပျက်သွားကာ -
"ဘယ်သူတဲ့လဲ""သန့်ရှင်းရေးအလုပ်သမားပဲ "
စကားဆုံးဆုံးခြင်းပင် ကုတင်ပေါ်မှထ၍ ဈာန်ဒီပါတစ်ယောက်
အင်္ကျီလဲကာ အပြင်ထွက်မည်ပြင်တာကြောင့် ခွန်းသကလက်ကို
လှမ်းဆွဲလိုက်ပြီး"ဟို …"
"ရပါတယ် ကိုယ်သက်သာနေပြီပဲကို"လက်ကောက်ဝတ်ကိုကိုင်ထားတဲ့ ခွန်းသလက်ကို
အသာယာဖြုတ်ချပြီး -"ကိုယ့်ကိုလွမ်းမနေနဲ့"ဈာန်ဒီပါထွက်သွားသည့်တိုင် ခွန်းသ အခန်းထဲမှာသာကြောင်ရင်း ရပ်နေမိသည်။
"သူ့ကိုရော ဘယ်သူကလွမ်းတယ် ပြောလို့လဲချီးနဲ့မှ .. "Break timeနေ့လည်စာစားချိန်မှာကျန်တဲ့သုံးယောက်က
တွတ်တွတ်ထိုးပြီးစကားပြောနေပေမဲ့ စထိုင်ကတည်းက တစ်ခွန်းမှဝင်မပြောပဲထမင်းသာစားနေသည့် ကော့ရှိုင်းကြောင့် ဒါဒါဦးက"ဒေါက်တာဟန် ဘာလို့လဲနေမကောင်းလို့လား"
ဒါဒါ့အသံကြားမှ ကော့ရှိုင်းအတွေးထဲကအမြန်ရုန်းထွက်လိုက်သည် ။
"ကောင်းပါတယ် ဒီတိုင်း"
ဒါဒါဦးကဘာမှဆက်မပြောတော့ပဲ ဘီဝိုင်နားကပ်ကာ
လေသံတိုးတိုးဖြင့်မေးလိုက်သည်။"ဒေါက်တာဟန်က နဂိုထဲကအဲ့လိုပဲအေးစက်စက်နဲ့ပဲလား"
ဒါဒါ့စကားကြောင့်ဘီဝိုင်ကြောင်သွားသည်မှာအမှန် ..
သူတို့ကအခုမှဒီထဲရောက်လာတဲ့သူတွေလေ အရင်ကတည်းကဇာတ်ကောင်တွေစိတ်ထဲမှာရှိနေတဲ့ ဟန်ကော့ရှိုင်းနဲ့ဘီဝိုင်ဆိုတာဘယ်လိုလဲ သူတို့မသိ ..
YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others