Chapter 11:စိတ်အာရုံလှည့်စားခြောက်လှန့်မှုကျွမ်းကျင်သူ
"ဒါဒါဦး မင်းဒါဒါဦးလို့ပြောလိုက်တာလား"
"အင်းလေ အိုက်ယားးမင်းငါ့လက်ကလေးကိုအရင်လွှတ်ပေးစမ်းပါကွာ ဓာတ်လှေကားတက်လာရင် ..."
စကားပင်မဆုံးသေးဟန်ကော့ရှင်းလက်ကိုခပ်ကြမ်းကြမ်း သူ့ဘက်သို့
ပြန်ဆွဲလိုက်သောဘုန်းခတ်ရှိန်ပင်ကော့ရှိုင်းကနာသွားသောသူ့လက်ကိုခပ်ဖွဖွသာပွတ်နေသည်။
"ငါပြောပြပါ့မယ်ကွာ မေဘယ်နောင်ကိုမင်းမသိဘူးလို့မပြောနဲ့"ဟန်ကော့ရှိုင်းပါးစပ်ကမေဘယ်နောင်လို့ထွက်လာသည့်တိုင်
ဘုန်းခတ်ရှိန်တွင်စိုးထိတ်မှုအရိပ်အယောင်မပေါ်လာ ။
နောက်ပိုင်းကိစ္စအားလုံးတွင် ဟန်ကော့ရှိုင်းပါဝင်ပတ်သပ်နေမှု
တွေကား သူ့၏အလောင်းခိုးမှုကိစ္စကြောင့်သာထင်ခဲ့သော်လည်း
အဓိကမှာမေဘယ်နောင်သည်လား ။"မင်းကဘာလို့ဒီကိစ္စထဲဝင်ပါနေတာလဲ မဟုတ်ဘူးဒါအဓိက
မဟုတ်ဘူး ဒါဒါဦးကဘယ်မှာလဲ""ဒါဒါဦးကငါ့မှန်းချက်အရဆို လတ်တလောမေဘယ်နောင်ဝင်ပူးခံထားရတယ် ပထမတစ်ခေါက်မြေ့ယွန်းမြတ်ဆိုရင် အခုကဒါဒါဦးပဲ"
"မင်းဘယ်လိုသိတာလဲ"
"အော ဘီဝိုင်ပြောပြတာလေမစိုးရိမ်ပါနဲ့ ငါပထမတစ်ခေါက်အတွေ့အကြုံရှိပါတယ်"
ဟန်ကော့ရှိုင်းပုံစံကား ဘုန်းခတ်ရှိန်ထက်ပင်အကြောက်အလန့်နည်း
နေဟန် ။ပေါ့ပေါ့ပါးပါးဖြစ်နေသောပုံစံကြောင့်ပင် ဘုန်းခတ်ရှိန်တွင်
အတွေးပေါင်းစုံဝင်လာရသည်။အချိန်တစ်ခုထိကြာနှစ်ယောက်အတူ ၈လွှာတွင် တစ်ခန်းဝင်တစ်ခန်းထွက် ဒါဒါဦးကိုလိုက်ရှာနေခဲ့သလို အသံတစ်သံမပင်မကြားခဲ့ရ။
-အာ ငါမှန်းတာများမှားသွားတာလား မှတ်မိသလောက်ကသေချာပါတယ်ဒါဒါဦးArcက ၈လွှာမှာပါ-"မင်းငါ့ကိုထောင်ချောက်ဆင်ဖမ်းချင်လို့များခေါ်လာတာလား
ကလေးအကွက်တွေကငါ့ကိုမထိရောက်ဘူးဆိုလားမသိပြန်တာလား"အေးဆေးစွာပင်နံရံကိုမှီကာ စီးကရက်တစ်လိပ်ကိုမီးညှိပြီး
တစ်ချက်ရှုသွင်းလိုက်သောဘုန်းခတ်ရှိန်အား အသေးစိတ်ပင်
ဟန်ကော့ရှိုင်းလိုက်ကြည့်နေမိသည် ။
-မင်းဟာသေလောက်အောင်ချောနေလဲ ငါ့အတွက်တော့လူဆိုးကောင်က လူဆိုးကောင်ပါပဲကွာ-

YOU ARE READING
HORROR SYSTEM IN ROMANCE MODE
HorrorOWN CREATION/ OWN CHARACTERS BOY × BOY romance / horror / funny and others