Part 2

20K 1.9K 91
                                    

Unicode

"ဒွီး ဒွီး ဒွီး ဒွီး"

ဖုန်းရဲ့တုန်ခါမှုကြောင့် ဂျုတီကုတ်ထဲကနေ ထုတ်ပြီး ကြည့်လိုက်တော့ ပတ်ဆောင်ဟွန်းဆီက။

"အော .. ဆောင်ဟွန်း ပြော"

"ထယ်ယောင်း .. မင်း ဆေးရုံမှာလား"

"အေး .. ဆေးရုံမှာပေါ့"

"အခု ပြန်လာတော့မှာလား"

"အင်း .. နောက်နာရီဝက်လောက်ဆို ဂျုတီပြီးပြီ .. ဘာလို့လဲ"

"အေး .. ဂျုတီပြီးလဲ ပြန်မလာနဲ့ .. ဆေးရုံမှာပဲ အိပ်လိုက်တော့လို့ ပြောမလို့"

"ဟမ် .. ဘာလို့လဲ"

"အိမ်ရှေ့မှာ ဂျယ်ချန်းတို့အဖွဲ့ရောက်နေတယ် ..ဘယ်ချိန်ထဲက ရောက်နေလဲတော့မသိပေမယ့် ပြန်မယ့်ပုံတော့ မပေါ်ဘူးဟေ့ .. တစ်ညလုံးစောင့်မယ့်ပုံပဲ"

"အာ .. shitttt !!"

ထယ်ယောင်း ကြိတ်ကာ မချိတင်ကဲ ရေရွတ်လိုက်သည်။

ဂျယ်ချန်းတို့ဆိုတာက ထယ်ယောင်းတို့ရဲ့ အကြွေးရှင်။

"ငါလဲ သူတို့ကို မြင်တာနဲ့ အရှေ့က အနှိပ်ခန်းထဲ ဝင်အောင်းနေရတာ အခုထိပဲ .. ငါ ဒီညတော့ ဒီမှာပဲ အိပ်လိုက်တော့မယ် .. မင်းလဲ ဆေးရုံမှာပဲ အိပ်လိုက်တော့"

ထယ်ယောင်းတောင် ဘာမှပြန်မပြောရသေးခင်မှာပဲ ဆောင်ဟွန်းက ပြောချင်ရာပြောပြီး ဖုန်းချသွားလေပြီ။

"ဟူး ~"

စိတ်ညစ်စွာဖြင့် အသက်ပြင်းပြင်း ရှုထုတ်မိသည်။

ထယ်ယောင်းရဲ့ဘဝအခြေအနေက တွေးကြည့်မိလိုက်တိုင်းမှာ ရင်မောစရာ။

အမှန်က ထယ်ယောင်းသည် မြောက်ကိုရီးယားမှ လာခဲ့သော မြောက်ပိုင်းသားဖြစ်သည်။

တောင်ကိုရီးယားကို ရောက်လာရသော တစ်ခုတည်းသော အကြောင်းပြချက်က ဖေဖေ့ကြောင့်သာ။

ထယ်ယောင်းရဲ့ဖေဖေသည် တောင်ကိုရီးယားရဲ့ စုံထောက်တစ်ယောက်။

သူလျှိုအဖြစ် မြောက်ကိုရီးယားသို့ ဝင်လာခဲ့သော ဖေဖေသည် မြောက်ကိုရီးယားရဲ့ ဒုသမ္မတ သမီးဖြစ်သူ မေမေ့အား ချဉ်းကပ်ခဲ့ရာမှ မေတ္တာသက်ဝင်ကာ အကြောင်းပါခဲ့လေသည်။

MR's DOCTORWhere stories live. Discover now