Unicode
အနာရှိန်ကြောင့် အပြင်းဖျားပြီး သတိလစ်နေတဲ့ သူ့ရဲ့ဘေးမှာ ထယ်ယောင်း ဝင်ထိုင်လိုက်သည်။
၂၄ နာရီကျော်နေပြီဖြစ်ပေမယ့် ခုထိ သူ သတိမရလာသေးပါ။
နဖူးစပ်က ချွေးစို့လေးတွေကို ခပ်ဖွဖွလေး သုတ်ပေးလိုက်ပြီး သူ့ကို ကြည့်နေမိသည်။
ထယ်ယောင်းကို သတ်မယ်လို့ ကျိန်းဝါးခဲ့တဲ့သူက ထယ်ယောင်းရဲ့အသက်ကို ကယ်ခဲ့တာ။
သူသာ ပြန်မရောက်လာရင် ထယ်ယောင်း အဲ့နေရာမှာ ဘယ်လိုအနေအထားနဲ့ အသက်ပျောက်နေလောက်မလဲဆိုတာ မတွေးရဲ။
ထယ်ယောင်းရှေ့က မားမားမတ်မတ်ရပ်ပေးခဲ့ပြီး ထယ်ယောင်း ထိခိုက်မှာကို စိတ်ပူပေးခဲ့သူ။
အမြဲလိုလို သူ့ကို အကြင်နာတရားမရှိ နှလုံးသားမရှိ ရက်စက်တတ်တဲ့သူလို့ ထင်ခဲ့မိပေမယ့် အထင်နဲ့ အမြင်ဟာ တခြားစီ ဖြစ်နေခဲ့သည်။
သူ လဲကျသွားတဲ့အချိန်မှာ ယောန်ဂျွန်းတို့ရောက်လာလို့ တော်သေးသည်။
မဟုတ်ရင် ထယ်ယောင်းမှာ သူ့ကို ဖက်ထားပြီး ဘယ်လောက်ကြာကြာ င်ိုနေခဲ့မိမလဲ မသိ။
အိမ်ရောက်တဲ့အချိန်မှာ သူဟာ သွေးထွက်အတော်လွန်နေကာ လုံးဝကို ပျော့ခွေနေပြီ။
ဘယ်တုန်းကမှ သွေးထွက်သံယိုမြင်ကွင်းနဲ့ ခွဲစိတ်မှုတွေ ပြုလုပ်ချိန်မှာ စိတ်လှုပ်ရှားခြင်း အလျင်းမရှိခဲ့တဲ့ ထယ်ယောင်းဟာ သူ့ ဒဏ်ရာကို ချုပ်ပေးနေတဲ့အချိန်မှာ ဆောက်တည်ရာမရစွာဖြင့် ထယ်ယောင်း လက်အစုံဟာ တုန်ယင်နေခဲ့သည်။
"ဒေါက်တာကင်မ်"
သူ့ကို ငေးကြည့်နေမိတုန်း အခန်းထဲဝင်လာတာက ဒမ်မီ။
"မနက်စာပြင်ထားတယ် ဒေါက်တာ"
"အင်း .. ကျေးဇူးပါပဲ .. နောက်မှ စားလိုက်မယ်"
"အခု စားလိုက်ပါလား ဒေါက်တာရယ် .. မနေ့တည်းက ဘာမှမစားရသေးတာမလား"
ဒမ်မီပြောမှ သတိထားမိသည်။
ဟုတ်ပါရဲ့ .. သူ့ကို စောင့်ကြည့်နေတာနဲ့တင် အခုထိ ဘာမှမစားရသေးဘူးပဲ။
YOU ARE READING
MR's DOCTOR
FanfictionJeon Jungkook x Kim Taehyung (Comedy/Romance/Drama) Started Date - 14 April 2022 Ended Date - 28 July 2022