Part 21

15.9K 1.7K 146
                                    

Unicode

ဟန်မြစ်ကို ဖြတ်တိုက်လာတဲ့ လေနုအေးလေးတွေရဲ့နောက်မှာ ပါလာတာက ဆိုးလ်မြို့တခွင် တစိမ့်စိမ့် ရွာနေတဲ့ မိုးရေစက်တွေ။

အချိန်အခါမဟုတ်ရွာနေတဲ့မိုးကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်နေသော်လည်း ဂျောင်ဂုရဲ့ရင်ထဲတွင်တော့ ပူလောင်နေသည်။

"ဂန်းနမ်းတစ်ဝိုက်မှာပဲ သူ ရှိကိုရှိတယ်"

ခုံကို လက်နဲ့ တဒေါက်ဒေါက် ခေါက်နေရင်းမှ တွေးတွေးတောတော ပြောတဲ့ Jen ..။

ပျက်တော့မလိုဖြစ်တဲ့မျက်နှာကို ဂျောင်ဂု ထိန်းလိုက်သည်။ ရင်ထဲက အပူတွေဟာ မျက်နှာတောင် လာဟပ်မတတ်ကို စိုးရိမ်ပူပန်ခြင်းတွေဟာ တရိပ်ရိပ်။

ဂန်းနမ်းဆိုတာ ဂျောင်ဂု နေထိုင်ရာ ..။

သေချာကို ထိန်းသိမ်းပြီး ဖွက်ထားတဲ့ကြားက ဘယ်လိုလုပ်ပြီး ဒီဆရာဝန်ဟာ အိမ်ကနေ အပြင်ကို ရောက်သွားရတာလဲ ..။

ဒီရက်ပိုင်းမှာ နောက်ပေါက်လူမိုက်တွေဟာ အနည်းငယ် အုံကြွမလိုဖြစ်ချင်နေတာကြောင့် နယ်မြေထိန်းဖို့ နဲ့ သူတို့ကို ရှင်းပစ်ဖို့ကြံရွယ်ကာ ပလန်တွေချနေရတာမို့ အပြင်ခဏခဏထွက်ရကာ ဒေါက်တာ့ကို သေချာမကြည့်နိုင်ခဲ့။

ဒါကြောင့်လည်း တပ်ချုပ်က တစ်ဆင့် Jen ကို လွှတ်ပြီး ကိုယ့်အား ဟန်မြစ်ဘေးက စားသောက်ဆိုင်မှာ တွေ့ဖို့ချိန်းခဲ့တာကိုး ..။

ပေါက်ထွက်မတတ်စဉ်းစားပေမယ့် လုံးဝစဉ်းစားမရပေမယ့် လောလောဆယ် ဒီလူတွေရဲ့ရှေ့မှာ တစ်ခုခုပြောမှ ရမှာမို့ ..

"ဂန်းနမ်းမှာသာ သေချာရင် ကျုပ် တွေ့ရမှာပေါ့ .. ကျုပ်လူတွေကို ဆိုးလ်တစ်မြို့လုံးအနှံ့ ချထားတာပဲလေ .. ခုထိ ရှာလ်ို့မှ မတွေ့ပဲ"

ကိုယ့်ရဲ့ချေပမှုကို Jen က လက်မခံလိုသောပုံဖြင့် ကြည့်သည်။

"မဟုတ်သေးဘူး မစ္စတာဂျေ .. ဒီဆရာဝန်ကို ကျုပ်မျက်လုံးနဲ့ ဂန်းနမ်းမှာ တပ်အပ်ကို တွေ့လိုက်တာ"

Jen ရဲ့ မျက်လုံးကို ဂျောင်ဂု စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။

MR's DOCTORWhere stories live. Discover now