Part 25 (Final)

28.2K 2.1K 354
                                    

Unicode

မိုးတဖြောက်ဖြောက် ကျလာလေပြီ။

ဂျွန်တန်ရဲ့တပည့်များက ထယ်ယောင်းရှိရာ လှေစီသို့ ကူးလာကာ ဆွဲခေါ်ကြသည်။

ထယ်ယောင်း ဘာစကားမှ မပြောနိုင်။

ရုန်းကန်ရင်းနဲ့သာ သူ ပြုတ်ကျသွားတဲ့ မြစ်ရေပြင်သို့ ကြည့်နေမိလျက် အရူးတစ်ယောက်လို ငိုယိုမိနေတုန်း။

"ဟေ့ ကြာတယ် အချိန်မရှိဘူး"

ဂျွန်တန်ရဲ့အမိန့်ပေးသံအဆုံးမှာ ဂျွန်တန့်ရဲ့တပည့်များက ထယ်ယောင်းအား အတင်းဆောင့်ဆွဲကာဖြင့် သင်္ဘောပေါ်ဆွဲတင်သည်။

"လွှတ် .. လွှတ်စမ်း ခွေးကောင်တွေ"

ရွံရှာစပ်ဆုတ်စွာဖြင့် ထယ်ယောင်းအော်ဟစ်ကာ တွန်းကန်နေပေမယ့် အချည်းနှီး။

ခဏလေးအတွင်းမှာပဲ ထယ်ယောင်းမှာ သူတို့ သင်္ဘောဆီသို့ ပါသွားခဲ့ရလေသည်။

"ဘာလို့လဲ .. ဘာကြောင့် ဒီလိုလုပ်ရတာလဲ"

သင်္ဘောပေါ်ရောက်ရောက်ချင်း ထယ်ယောင်းမှာ ဒေါသထွက်လွန်းလှစွာဖြင့် ဂျွန်တန်ဆီကို ဦးတည်ကာပြေးသွားပြီး ကော်လံစကို ဆွဲဆောင့်ကာ မေးလိုက်သည်။

"အိုး အိုး စိတ်လျှော့ပါ ထယ်ယောင်းရဲ့"

"တောက် .. ခင်ဗျားမှာ လူစိတ်ရော ရှိသေးရဲ့လား .. အဲ့ဒါ ခင်ဗျားညီနော် .. ကိုယ့်ညီကိုတောင် ပြန်သတ်ရလောက်အောင်ထိ ဘာတွေများ .."

ထယ်ယောင်းမှာ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ယင်ကာ စကားကို ဆုံးအောင်တောင် မပြောနိုင်။

"ထွီ .. သွားစမ်းပါ .. အဲ့ကောင်ကို ငါ သတ်ချင်နေတာ ကြာပြီ .. ဒီကောင့်ကြောင့် ငါ ဒုက္ခတွေ အလီလီရောက်ခဲ့ပြီး ချောင်ထိုးခံရတာ .. အခု ဒီကောင်မရှိတော့ဘူးဆိုတော့ ငါက ဒီကောင့်နေရာကို သိမ်းတယ် .. တောင်ကိုရီးယားမှာရှိတဲ့ မိုက်ကမ်းလှချည်ရဲ့ဆိုတဲ့ကောင်တွေရဲ့ အရှင်သခင်ပဲ ငါက ဟား ဟား ဟား"

ရူးသွားတဲ့လူတစ်ယောက်လို တဟားဟားအော်ရယ်နေတဲ့ ဂျွန်တန်ဆိုတဲ့ လူယုတ်မာရဲ့မျက်နှာကို ထယ်ယောင်း အော်ဂလီဆန်လွန်းလှစွာဖြင့် မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

MR's DOCTORWhere stories live. Discover now