Part 14

15K 1.6K 218
                                    

Unicode

ဒေါသစိတ်ကြောင့် အသက်ရှုတွေမြန်နေကာ ရင်အစုံဟာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

လူတိုင်းကို ဖက်လှဲတကင်း ပွေ့ဖက် နှုတ်ဆက်ပြီး ပြုံးရယ်ပြတတ်တဲ့ ဒီဆရာဝန်ရဲ့အကျင့်ကို ဂျောင်ဂု မကြိုက်။

ကိုယ်ဆို ငယ်ငယ်တည်းက တည်တည်တံ့တံ့နေတတ်ပြီး ဘယ်သူနဲ့မှ ရောရောနှောနှော မနေတတ်ပေမယ့် ဒီဆရာဝန်ကတော့ တလောကလုံးကလူတွေအားလုံးဟာ သူ့သူငယ်ချင်းများလိုပင်။

ကိုယ့်ကိုကိုယ်ရော မြောက်က်ိုရီးယားက လာတဲ့သူဆိုတာရော သတိထားမိရဲ့လားမသိစွာ တွေ့တဲ့လူတိုင်းနဲ့ပေါင်းနေသည်။

အခုလည်း ဒယ်နီယယ်ဆိုတာ ဘယ်ကကောင်များလဲ ..။

သူ့ရဲ့ကိုယ်ရေးကိုယ်တာက်ို စပ်စုချင်တာမျိုးတော့ မဟုတ်ပေမယ့် ကိုယ့်ဆီမှာ လာနေတယ်ဆိုတော့ သိထားသင့်တယ်ထင်လို့။

လူတိုင်းကို ပြုံးရယ်ပြနေတဲ့ ဒီဆရာဝန်က လူဆိုး လူကောင်းလည်း ခွဲတတ်မယ့်ပုံမပေါ်တော့ က်ိုယ်ကပဲ မအားတဲ့ကြားက စေတနာနဲ့ ခွဲပေးရဦးမှာပေါ့လေ။

ပါတီက ပြန်လာတည်းက သူ ရင်းရင်းနှီးနှီး နှုတ်ဆက်တဲ့ ဒယ်နီယယ်ဆိုတဲ့ကောငိအကြောင်းကို မေးသင့် မမေးသင့် စဉ်းစားနေရင်းမှ မေးသင့်တယ်ထင်လို့ သူ့အခန်းဆီ ထွက်လာခဲ့သည်။

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်လိုက်ပေမယ့် သူက မဖွင့်လာ ..။
မနက် နှစ်နာရီကျော်ဆိုတော့ သူ အိပ်နေမှာပေါ့။

"မနက်ကျမှ မေးသင့်လား"

ဘာမှအရေးမကြီးတဲ့ကိစ္စမို့ မနက်ကျမှ မေးပါတော့မယ်လေလို့ တွေးလိုက်ပြီး လှည့်ထွက်လိုက်ပေမယ့် ပြန်လှည့်ပြီး ခေါက်မိပြန်သည်။

အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ .. မတော်လို့ သူ့ကို မကောင်းကြံချင်နေတဲ့ကောင်ဆို အမြန်သိထားတော့ ကာကွယ်ပေးနိုင်တာပေါ့။

ဘယ်လောက်ခေါက်ခေါက် သူက လာမဖွင့်ပဲ ခပ်ကြမ်းကြမ်း ထုလိုက်မှ သူက လာဖွင့်သည်။

MR's DOCTORWhere stories live. Discover now