Part 19

15.6K 1.7K 100
                                    

Unicode

"သွား .. ထွက်သွား"

"ဒေါက်တာ .. ကျုပ် ရှင်းပြ .."

"မကြားချင်ဘူး .. အခု ထွက်သွား"

ရင်ဘတ်ကို စောင့်တွန်းထုတ်ပြီး အခန်းတံခါးကို ဝုန်းခနဲ ပိတ်လိုက်တဲ့ သူ။

ဘာကြောင့်များ ဒီလက်တွေက သူ့ကိုယ်ငယ်လေးကို အလိုမတူပဲ သိမ်းယူဆွဲဖက်လိုက်မိလေသလဲ မသိ။

ထွက်သွားမယ်လို့ တတွင်တွင်ပြောနေတဲ့ စကားတွေကြောင့် စိတ်ရှုပ်ပြီး လုပ်မိလုပ်ရာ လုပ်လိုက်လေခြင်းများလား။

ဘယ်သောအခါမှ တစ်သက်နဲ့တစ်ကိုယ် မတောင်းပန်ဖူးတဲ့ ကိုယ်က ဒီဆရာဝန်ကို ထွက်မသွားဖို့ တောင်းပန်ခဲ့ပါသတဲ့ ..။

လောကမှာ ဆရာဝန်တွေ ပေါပေါများများ ရှိပါလျက် .. ပိုက်ဆံတွေ ပေါပေါများများ ရှိပါလျက်နဲ့ ဒီလိုဆရာဝန်မျိုး ဆယ်ယောက်လောက် ဌားလို့ ရပါလျက်နဲ့ ဘာလို့များ ဒီဆရာဝန်ကိုပဲ အသည်းအသန် ခေါ်ထားချင်မိလဲ ကိုယ်တိုင်လည်း နားမလည်။

လူ့သဘာဝအရ ခက်ခဲတာကိုမှ လိုချင်တဲ့စိတ်ကြောင့်လေလား သူ့အပေါ် မရိုးမသားဖြစ်နေမိတဲ့စိတ်အစုံကြောင့်လေလား ..။

ဘယ်နားကမှ မက်မောချင်စရာမကောင်းတဲ့ ဒီဆရာဝန် .. စိတ်ပျက်စရာကောင်းလွန်းတဲ့ ဒီဆရာဝန်ကို စိတ်ဒုက္ခပေးချင်ရုံ သက်သက် ခေါ်ထားချင်မိတာဖြစ်မယ်ထင်ပါရဲ့။

ဘာပဲပြောပြော ထိုဆရာဝန်ကတော့ နေ့စဉ်ရက်စက် ရေလည်ကို ဆိုးသွမ်းနေခဲ့တာ ဖြစ်သည်။

အပြင်ကို လုံးဝပေးမထွက်တော့ပဲ အိမ်ရှိလူအကုန်အား သူ့ကို စောင့်ကြည့်ဖို့ မှာထားသလို သူသည်လည်း အညံ့မခံတတ်တဲ့ သူ့အချိုးလေးအတိုင်း လူကို ရတဲ့နည်းနဲ့ကို တော်လှန်နေပါတော့သည်။

"ဒမ်မီ .. ဒေါက်တာ မနက်စာ ထွက်စားလား"

"မစားဘူး ဘော့စ်"

"ဘာ .. မင်းက သွားမခေါ်ဘူးလား"

"ခေါ်တယ် ဘော့စ် .. မစားချင်ဘူးတဲ့"

သက်ပြင်းရှည်တစ်ချက်ချမိပြန်သည်။ ဟိုနေ့တည်းက အခုထိ ဘာမှထွက်မစားတဲ့ သူ။

MR's DOCTORWhere stories live. Discover now