Part 5

17.4K 1.8K 188
                                    

Unicode

"ပိုက်ဆံက ထပ်လိုတယ် .. ထပ်ပေးရမှာ"

ရှေ့က နဖူးပြောင်ပြောင် ပုလင်းဖင်လောက်မျက်မှန်တပ်ထားတဲ့လူရဲ့စကားကြောင့် ထယ်ယောင်းရော ဆောင်ဟွန်းရော လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

ထယ်ယောင်း ဒေါသထောင်းခနဲ ထွက်သွားကာ
ဝုန်းခနဲ စားပွဲကိုထုလိုက်ပြီး အရှေ့က လူကြီးရဲ့ကော်လံစကို ဆောင့်ဆွဲကာဖြင့်

"ဒါခင်ဗျား သက်သက်ညစ်တာပဲ .. ခင်ဗျားပါးစပ်က သိန်းတစ်ရာလောက်ဆို ရပြီလို့ သေချာပေါက်ပြောခဲ့တယ်မလား"

ထယ်ယောင်းရဲ့ဒေါသကို ထိုလူကြီးက မမှုပါ။

သူ့ရဲ့ထူပိန်းလှသောမျက်မှန်ကြီးအောက်ကနေ ကော်လံစကို ကျစ်ကျစ်ပါအောင်ဆွဲဆုတ်ထားသော ထယ်ယောင်းရဲ့မျက်နှာအား ခပ်အေးအေးကြည့်လိုက်ရင်း

"အော် .. ငါလဲ ခန့်မှန်းခြေပြောတာလေ .. ဟိုဘက်က ထပ်တောင်းနေတာကို ဘယ်လိုလုပ်ရမှာလဲ .. အစစ်အဆေးတွေများနေတဲ့ကြားက မင်းအမေကို ရှာပေးနေရတာ .. လွယ်တဲ့ကိစ္စမဟုတ်ဘူးကွ .. ပိုက်ဆံကတော့ ကုန််မှာပဲ ကောင်လေး .. မကျေနပ်ရင် တခြားပွဲစားဆီသွား"

"ဘာ .. ခင်ဗျား"

"ထယ်ယောင်း .. တော်တော့ တော်တော့"

ဒေါသထွက်လွန်းလို့ အသားတွေပါ တဆတ်ဆတ်တုန်နေသော ထယ်ယောင်းအား ဆောင်ဟွန်းက အသည်းအသန် ဝင်ဟန့်သည်။

ပြီးလျှင် ကျောကိုပွတ်သပ်ပေးကာ လက်ဟန်ခြေဟန်ဖြင့် သူပြောလိုက်မယ်ဆိုတဲ့ပုံစံမျိုး လုပ်ပြတော့ ထယ်ယောင်းလည်း ဒီလူနဲ့ ထပ်မပြောဖြစ်တော့။

ထပ်ပြောနေရင် သတ်တောင်သတ်ပစ်မိမလားမသိပါ ..။

"ဟုတ်ပြီ .. အဲ့တော့ ကျွန်တော်တို့က ဘယ်လောက်ထပ်ပေးရမှာလဲ"

"နောက်ထပ် သိန်းတစ်ထောင်လောက်ပေါ့"

"ဟေ့လူ .. ခင်ဗျား အဲ့ဒါတော့ များသွားပြီ"

ကြားထဲက ဝင်ဖြန်ဖြေပေးဖို့ ကြိုးစားနေတဲ့ ဆောင်ဟွန်းပါ ဒေါသထွက်သွားသည်။

ပွဲစားတွေများ တကယ်လူပါးဝလွန်းသည် ..။

အမေဆိုတဲ့စိတ်တစ်ခုကြောင့်သာ ဒီလောက်ထိ သည်းခံနေတာ .. မဟုတ်ရင် တကယ် ဒီပွဲစား မလွယ်လောက်တော့။

MR's DOCTORWhere stories live. Discover now