《အခန်း၃》

6.4K 589 2
                                    

အခန်း ၃ - သရဲတစ္ဆေတွေမှာသွားရှိလား(၃)

သူမကူးပြောင်းလာတဲ့နေ့တုန်းက ယွိသော်သည် ဖုစစ်နျန်ကိုအလွန်တရာကြောက်လန့်ခဲ့ပါသည်။

မှောင်မဲနေသော မြေအောက်ခန်းကနေထွက်ပေါ်လာတဲ့ကြောက်လန့်တကြား အော်သံတွေ စင်္ကြံလမ်းတစ်လျှောက်မှာစွန်းထင်းနေတဲ့သွေးတွေကသာမန်အိမ်​တွေမှာမမြင်ရတတ်ပေ။

ဖုစစ်နျန်နဲ့အတူကုန်ဆုံးခဲ့တဲ့ သုံးနှစ်တာကာလဟာသူမအတွက်တော့နေ့တိုင်းရေခဲလွှာပါးပေါ်မှာ​လမ်းလျှောက်သလို ခံစားခဲ့ရသည်။ ဘယ်နေ့ သူ့ကို အမှတ်မထင် စော်ကားမိပြီး သူ့မြေအောက်ခန်းထဲဆွဲခေါ်ခံရမလဲကို သူမ မသိစိတ်ကနေ အမြဲစိုးရိမ်နေခဲ့ရသည်။

ဒါပေမယ့် ကံကောင်းထောက်မစွာ၊ ဖုစစ်နျန်ဟာ ဇာတ်ညွှန်းထဲကအတိုင်း ရွက်လှေပေါ်ကပေါက်ကွဲမှုထဲပါသွားပြီး ဘာအစအနမှမကျန်ဘဲ သေဆုံးသွားခဲ့သည်။

နောက်ဆုံးတော့ အရာအားလုံးဟာပြီးသွားခဲ့ပြီ။

သူမသည် သူမရဲ့ဘဝအတွက် မိနစ်တိုင်းမှာကြောက်ရွံ့နေရန် မလိုအပ်တော့သလို ဖုစစ်နျန်ရဲ့ထိန်းချုပ်မှုအောက်မှာလည်း အားနည်းတဲ့ပန်းလေးတစ်ပွင့်အဖြစ် ဟန်ဆောင်ရန်လည်း မလိုအပ်တော့‌ပေ။

ယွိသော် နောက်ဆုံးတော့လုပ်နိုင်ခဲ့ပြီလေ။သူမ အရမ်းကိုပျှော်ရွင်ပြီး သီချင်းအကျယ်ကြီးတောင်အော်ဆိုချင်မိသည်။

"ကောင်းကင်မှာ နေရောင်က နီနေတယ်...လူအများက ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ကြတယ်...လူအများက ပိုင်ရှင်အဖြစ် ရပ်တည်ခဲ့ကြတယ်..."(သီချင်းဆိုသံ)

ရေစိမ်ကန်ဘေးနားမှာ ရပ်နေတဲ့
ဖုစစ်နျန်ကတောင်...မဟုတ်ဘူးပြောရမယ်ဆိုရင် သရဲတစ်ယောက်ဖြစ်နေတဲ့ ဖုစစ်နျန်ကတောင် သူမရဲ့ဆိုးရွားလှတဲ့ သီချင်းဆိုသံကို သည်းမခံနိုင်ဘူး။ ရေထဲကနေပြီးသီချင်းရဲ့ စည်းချက်နဲ့ လိုက်ဖက်ညီစွာ လှုပ်ရှားနေတဲ့သူမရဲ့ခြေချောင်းတွေကို သူရပ်ကြည့်နေခဲ့သည်။

သူတို့အိမ်ထောင်ကျတာ သုံးနှစ်ရှိပြီဆိုပေမယ့် သူ့မိန်းမက ဒီလိုသီချင်းတွေ ဆိုတတ်မှန်းတောင် သူမသိခဲ့ဘူး။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now