အခန်း၁၂၉

3.4K 329 15
                                    

ထိုအချိန်တွင်၊ ယွိ​သော်သည် နောက်ထပ်စစ်​ဆေးမှုတစ်ခု ပြီးသွားကာ ရလဒ်ကို စောင့်နေသည်။

ဒီတစ်ခါ ရောက်လာတဲ့ဆေးရုံရဲ့ ဆေးရုံဒါရိုက်တာနဲ့ သူ့အမေက ရင်းနှီး​ကြပါတယ်။ ထို့အတွက်ကြောင့် ယွိ​သော်သည် အလွန်လျင်မြန်စွာ စစ်​ဆေးနိုင်ခဲ့ပြီး သူမသည်မေးခွန်းမေးရန် သားဖွားမီးယပ်ဆရာဝန်ဆီကိုပါ သွားခဲ့သည်။

ဒီအခွင့်အရေးကို အသုံးချပြီး ယွိ​သော်သည် အခြားဆေးရုံမှ ကိုယ်ဝန်သုံးလဟု စစ်ဆေးတွေ့ရှိရသော စစ်ဆေးမှုရလဒ်များကို ထုတ်ယူခဲ့သည်။

"ဒေါက်တာ၊ ဒီဟာလေးကို မှန်၊မမှန် တစ်ချက်လောက်ကြည့်ပေးလို့ရမလား"

ဆရာဝန်က ​ဆေးစစ်ချက်ကိုယူပြီး သေချာ​ဖတ်ကြည့်တယ်။ ဖတ်ပြီးတာနဲ့ မျက်ခုံးတွေ တွန့်သွားပြီး မေးတယ်။ "မစ္စစ်ဖု၊ ဒီဆေးစစ်ချက်က မစ္စစ်ဟာလား။"

"မဟုတ်ပါဘူး၊ ကျွန်မသူငယ်ချင်းတစ်ယောက်ရဲ့ဟာပါ" ယွိသော်က သူငယ်ချင်းတစ်ယောက်ကို ပေါ့ပေါ့တန်တန် ဖန်တီးခဲ့တယ်။ "ဒီနေ့ ကျွန်မနေလို့မကောင်းလို့ ဆေးစစ်ဖို့ ဆေးရုံသွားတော့မယ်ပြောတော့ ဒီဆေးစစ်ချက်ကို ကျွန်မပြတဲ့ဆရာဝန်ကို ပြကြည့်ပေးဖို့ပြောခဲ့လို့ပါ။ ဘာဖြစ်လို့လဲ? ပြဿနာတစ်ခုခုရှိ​နေလို့လား။"

ဆရာဝန်က ဆေးစစ်ချက်ထဲမှ အချက်အလက်အချို့ကို ထောက်ပြပြီး "ဒီဆေးစစ်ချက်ထဲမှာ မစ္စစ်ရဲ့​သူငယ်ချင်းက ကိုယ်ဝန်သုံးလရှိနေပြီလို့ ကောက်ချက်ချထားတယ်၊ ဒါပေမယ့် ဒီအချက်အလက်တွေကိုရင် ရလဒ်မှာ အမှားအယွင်းတချို့ ရှိရင်ရှိနိုင်တယ်" ဟု ပြောကြားခဲ့သည်။

ယွိ​သော်သည် သူမ၏စိတ်ထဲတွင် ထိတ်လန့်သွားသော်လည်း အပြင်တွင်တော့ သူမသည် တည်ငြိမ်နေပြီး "အမှားအယွင်း၊ ဘယ်လိုမျိုးလဲ"

"အင်း..." သေချာစေရန် ဆရာဝန်က ​ဆေးစစ်ချက်ကို ထပ်မံ​ကြည့်ခဲ့သည်၊ "ကိုယ်ဝန်ရဲ့လအရေအတွက်က မမှန်တဲ့ပုံပေါ်ပေမဲ့ ကျွန်မလည်း သိပ်မသေချာဘူး။ ​သေချာစစ်ဆေးဖို့ မစ္စစ်ရဲ့သူငယ်ချင်းကို ကျွန်မတို့ဆေးရုံသို့ လာခိုင်းလိုက်ပါ့လား၊ ကျွန်မတို့ မှန်မှန်ကန်ကန် ပြန်စစ်ကြည့်ပေးပါ့မယ်"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now