《အခန်း၈၀》

3.9K 386 3
                                    

ယွိသော်၏ လေသံသည် ခိုင်မာပြီး တစ်ချိန်တည်းတွင်ပဲ လွှမ်းမိုးနိုင်စွမ်းရှိသည်။

သူမသည် လေးနက်သောလေသံဖြင့် "ယွီရန်၊ နင်က အရမ်းတော်တဲ့လူပါ။ ဒါပေမယ့် ငါတို့နှစ်​ယောက်က ဖြစ်နိုင်ခြေမရှိတော့ဘူးဆိုတာ ငါနင့်ကို ဒီနေ့ ရှင်းရှင်းလင်းလင်းပြောပြချင်တယ်။ နင်ကခုမှ ငယ်ငယ်လေးရှိသေးပြီးတော့ နင့်အနာဂတ်ကလည်း တောက်ပနေတယ်။ နောက်ကျရင် နင့်နှလုံးသားကိုအပ်နှင်းမိမဲ့ မိန်းကလေးတစ်ယောက်ကို ရှာတွေ့ပါလိမ့်မယ်။"

"သော်သော်၊ ဘာလို့လဲ... ဘာလို့ ငါ့ကို ဒီလို ချက်ချင်းကြီးငြင်းနေတာလဲ။ ငါတို့အရင်တုန်းက ချစ်ခဲ့ကြတယ်မဟုတ်ဘူးလား။ ဖုစစ်နျန်သာငါတို့ကြားထဲရောက်မလာရင်..."

"မပြောနဲ့တော့!" ယွိ​သော်က သူ့ကို ရုတ်တရတ် နှောင့်ယှက်လိုက်ပြီး သူမ နှလုံးသည်အ​ပြင်သို့ခုန်ထွက်လုမတတ်ဖြစ်နေသည်။

ဒီယွီရန်က တကယ် နာကျင်အောင်လုပ်နိုင်တာပဲ။ သူမ အရမ်းစိတ်အနှောက်အယှက် ဖြစ်​ချင်ယောင်ဆောင်နေတာတောင် အတိတ်အကြောင်းတွေကို ပြန်သတိရနေသေးတယ်။

"ပြီးသွားတဲ့ကိစ္စတွေက အရေးမကြီးတော့ဘူး။ အနာဂတ်ကပဲ အရေးကြီးတာ!" ယွိသော် ချွေးတွေထွက်နေတယ်။ "ယွီရန်၊ တခြားပြောစရာမရှိတော့ဘူးဆိုရင် ပြန်လိုက်ပါတော့လား။ ငါပင်ပန်းနေပြီ၊ အနားယူချင်တယ်"

"ဘာလို့ အရေးမကြီးရမှာလဲ" ယွီရန် ရုတ်တရက်ထရပ်ကာ တတိယထပ်ကို လက်ညှိုးထိုးပြပြီး "ဖုစစ်နျန်သာမရှိဘူးဆိုရင် သုံးနှစ်ကျော်ကြာအောင် ခွဲရမှာမဟုတ်ဘူး! ဖုစစ်နျန်နဲ့ သုံးနှစ်လောက် အတူရှိနေလိုက်တာနဲ့ ငါတို့ဆယ်နှစ်ကျော်ချစ်ခဲ့တာကိုမေ့သွားပြီပေါ့"

"ဖုစစ်နျန်က မင်းရဲ့အချစ်နဲ့ ထိုက်တန်လို့​လား။ အရင်သုံးနှစ်လုံးက သူက အပြင်မှာပဲ ပျော်နေခဲ့တာမလား။ မင်းရဲ့ခံစားချက်ကို သူထည့်စဉ်းစားပေးဖူးလို့လား။"

စကားလုံးတိုင်းက ဧည့်ခန်းတစ်ခုလုံးထဲတွက် ပြတ်ပြတ်သားသား ပဲ့တင်ထပ်သွားသည်။

ယွိသော်သည် ယွီရန်ကို ထိတ်လန့်နေပုံရသည်။ သူမ သူ့ကို အံ့သြထိတ်လန့်စွာ စိုက်ကြည့်နေ​ပြီး တတိယထပ်ကို လုံးဝမကြည့်ရဲပေ။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now