《အခန်း၁၂၄》

3.6K 357 9
                                    

လေးနာရီကြာ ပျံသန်းပြီးနောက် နောက်ဆုံးတွင် လေယာဉ်သည် ချောမွေ့စွာ ဆင်းသက်ခဲ့သည်။

ဖုစစ်နျန်သည် ယွိသော်ကို လေဆိပ်အပြင်ဘက်ဘက်က တစ်စုံတစ်ယောက် စောင့်ဆိုင်းနေသည့်နေရာသို့ သူမကို ခေါ်သွားခဲ့သည်။ ယွိသော်က ဖွင့်ထားတဲ့ ကားတံခါးကို စိတ်မသက်မသာ ကြည့်ပြီး နှုတ်ခမ်းကို ကိုက်ကာ ကားထဲကို ဝင်လိုက်တယ်။

"ဘယ်သွား​နေတာလဲ?"

"ဆေးရုံကို။"

တစ်နာရီကြာပြီးနောက် ဆေးရုံကားပါကင်တွင် ကားကိုရပ်လိုက်ပြီး လူနှစ်ဦးသည် ဆေးရုံတံခါးရှေ့တွင် ရပ်နေခဲ့​ကြသည်။ ကြီးမားသော ဆေးဘက်ဆိုင်ရာ အဆောက်အအုံကြီးကို ​မော့ကြည့်ရင်း ယွိသော်သည် ရှုပ်ထွေးနေသော ခံစားချက်ကို ခံစားနေရသည်။

ဖုစစ်နျန်သည် သူမအား ဆေးစစ်ရန်အတွက် ဆေးရုံသို့ ကိုယ်တိုင်လိုက်ပို့​ပေးခဲ့သည်။ သူမကိုယ်ဝန်အကြောင်းကို အချိန်အတော်ကြာအောင် သိနေနိုင်သလို၊ သေချာမသိခဲ့ရင်တောင် သံသယက​တော့ရှိ​နေ​လောက်ပါတယ်။ အခု သူမသည် ဖုစစ်နျန်၏နှာခေါင်းအောက်တွင်ရှိနေပြီဖြစ်တာကြောင့် ယွိ​သော်တွင် ဒီအခြေအနေကို ဖြတ်ကျော်နိုင်ရန် နည်းလမ်းမရှိပေ။

ဖုစစ်နျန်သည် ယွိ​​သော်၏လက်ကို ကိုင်ထားပြီး တစ်ကိုယ်လုံး စစ်ဆေးရန်အတွက် ဆေးရုံကဆရာဝန်တစ်ဦးဆီသို့ ပို့​ပခဲ့သည်။

စစ်​ဆေးမှုများ ဆက်တိုက် လုပ်ပြီးနောက်၊ ယွိ​သော်၏စိုးရိမ်နေခဲ့သောစိတ်သည် တဖြည်းဖြည်း တည်ငြိမ်သွားသည်။

အဖြစ်အပျက်တွေက ဒီအဆင့်ထိ ရောက်နေပြီဖြစ်ပြီး နောက်ဆက်တွဲဖြစ်လာမယ့်အရာတွေကို သူမရှောင်လွှဲဖို့ နည်းလမ်းမရှိတာကြောင့် အေးအေးဆေးဆေးပဲ လက်ခံလိုက်ကြတာပေါ့။

တကယ်တော့ အမှန်တရားကို ဖော်ထုတ်လိုက်တာက ကောင်းပါတယ်။ အနည်းဆုံး ဖုစစ်နျန်က သူမရဲ့ကိုယ်ဝန်အကြောင်းကို သိသွားမှာကို တစ်ချိန်လုံး ကြောက်နေစရာမလိုတော့ပါဘူး။

နာရီဝက်လောက်ကြာပြီး testတွေအကုန်ပြီးသွားပြီးနောက်ယွိ​သော်ကို အနားယူဖို့ နား​နေခန်းတစ်ခုဆီ ခေါ်သွားခံလိုက်ရတယ်။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now