《အခန်း၁၀၃》

3.3K 303 5
                                    

ယွိသော်သည် အရင်ကဆို မနက်စောစော အိပ်ရာက နိုးတတ်​ပေမဲ့လည်း ဖုစစ်နျန် ပြန်ရောက်လာကတည်းက သူမနောက်ကျမှ နိုးလာခဲ့သည်။ အန်တီလျန်ကတော့ ဖုစစ်နျန်က ယွိသော်ကို ပင်ပန်းအောင်လုပ်ထားတာကြောင့်လို့ ယုံကြည်နေပါသည်။

“မနက်စာမစားဘဲ နောက်ကျမှထတာက ကျန်းမာရေးအတွက် မကောင်းဘူး…”
{T/N:မနက်စာနဲ့ နေ့လည်စာပေါင်းစားသူကြီးပါ။}

ယွိ​သော်က အန်တီလျန်၏ ဆူပူမှုကို ဂရုမစိုက်စွာ နားထောင်​နေခဲ့သည်။ နောက်ဆုံး သူပြောပြီးသွားတော့ သူမက ပြုံးပြီး “အန်တီလျန် ကျွန်မအတွက် ကားပြင်ပေးပါဦး။  ဆေးရုံသွားမလို့။"

"ဆေးရုံ?  ဘာဖြစ်လို့လဲ? သခင်မလေး၊ နေမကောင်းဘူးလား?"

“ကျွန်မ ဗိုက်ကို သွားစစ်ကြည့်လိုက်မလားလို့။ မနေ့က အန်တယ်ဆိုတော့လေ"

နားထောင်ပြီးနောက် အန်တီလျန်က “သခင်မ​​လေး ဒါဆို သွားမနေပါနဲ့တော့။ ဆရာဝန်ကိုပဲ အိမ်လာ​ကြည့်ခိုင်းမယ်လေ”

“…” ယွိ​သော်က အပြုံးတစ်ခုကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်ပြီး “ကျွန်မ ခန္ဓာကိုယ်တစ်ခုလုံး စစ်ချင်သေးလို့။ ဆေးရုံတွေမှာဆို ပို​ပြီးအဆင့်မြင့်တဲ့ စက်ကိရိယာတွေ ရှိတယ်​လေ။”

“ကိုယ်အားတယ်၊ မင်းအတူလိုက်ခဲ့​ပေးမယ်။" သပ်ရပ်သွာ ဝတ်စားထားသော ဖုစစ်နျန်သည် အပေါ်ထပ်မှ ဆင်းလာပြီး ယွိ​သေ​ဆီသို့ တည့်တည့် လျှောက်လာသည်။

ဖက်—

ယွိသော်ရဲ့လက်ထဲက လတ်လတ်ဆတ်ဆတ်ပြင်ဆင်ထားတဲ့ ပေါင်မုန့်က မြေ​ကြီးပေါ်ကျသွားတယ်။

"အားချီ၊ ကားပြင်ထားလိုက်"

ဆေးရုံသွားရာလမ်းတွင် ယွိသော်သည် သေချာမထိုင်နိုင်ဖြစ်နေသည်။

ကိုယ်ဝန်ရနိုင်ခြေက အရမ်းနည်းပေမယ့် ဒီကမ္ဘာမှာ ထူးဆန်းတဲ့ကိစ္စတွေက အများကြီးရှိတယ်။ တကယ်သာ ကိုယ်ဝန်ရှိနေရင် ဘယ်လိုရှင်းပြရမှာလဲ။

“အစ်ကိုကြီး ချောင်ကျောင်းက အမှုလိုက်ခိုင်းဖို့ ခဏခဏ ကြိုးစားခဲ့ပေမယ့် ချင်ရှောက်ဘက်မှာ လှုပ်ရှားမှုမရှိဘူး။ ချင်​ရှောက်က ချောင်ကျောင်းကို စွန့်လွှတ်လိုက်တော့မယ်ထင်တယ်။"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now