《အခန်း၂၁》

4.2K 434 5
                                    

အခန်း၂၁ - ကောင်းကင်ဘုံက ငါ့ကိုမျက်နှာသာမပေးချင်ဘူး! (၃)

"မစ္စတာဖုအကြောင်းကို ကျွန်​တော်ကြားခဲ့ပါတယ်။ ကျွန်တော်လည်းမစ္စယွိနဲ့ထပ်တူညီမျှဝမ်းနည်းရပါတယ်" ယွီရန်က စိတ်မကောင်းစွာနဲ့ပြောတယ်။

ယွိ​သော်၏ မျက်နှာ မည်းမှောင်သွားသည်။ သူမက ဖိညစ်ကာပြုံးပြလိုက်ပြီး ဘာမှပြန်မပြောပေ။

မစ္စယွိ? အဲ့ဒီမစ္စယွိဆိုတာဘယ်မှာရှိလို့လဲ။

ဖုစစ်နျန်က ရယ်မောရင်း၊ ဒီမှာမစ္စစ်ဖုပဲရှိတာမဟုတ်ဘူးလား။

သူလှည့်ကြည့်လိုက်တော့ အဲဒီက လူငယ်အားလုံးနီးပါးက ယွိသော်ကို ရံဖန်ရံခါ ကြည့်နေကြတယ်၊ သူတို့မျက်လုံးတွေက သူမကို စိတ်ဝင်စားမှုအပြည့်ရှိနေကြသည်။

ယောက်ျားတစ်ယောက်အနေဖြင့် ဖုစစ်နျန်သည် ဒီလိုအကြည့်မျိုးကို မစိမ်းပေ။

ယွိသော်သည် ယွိ​ကော်​ဟွေ့၏သမီး​​ဖြစ်ရုံသာမက မစ္စစ်ဖုလည်းဖြစ်သည်။ ဒေါ်လာဘီလီယံပေါင်းများစွာ အမွေဆက်ခံတော့မယ့် မစ္စစ်ဖု။ ယွိသော်ကိုလက်ထပ်ခြင်းသည် သူမရဲ့အ​မွေဒေါ်လာဘီလီယံပေါင်းများစွာကိုလက်ထပ်လိုက်ခြင်းပင်ဖြစ်သည်။

ဆိုလိုသည်မှာ ဒီနှစ်များတစ်လျှောက် သူ၏ကြိုးစားအားထုတ်မှုအားလုံးသည် အခြားလူပိုင်သည်များဖြစ်လာလိမ့်မည်ဖြစ်သည်။

ယွိသော် သူ့ကို ​ဆောင်းပေးမဲ့ ဦးထုပ်စိမ်းကို သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့ ဝယ်ခဲ့တာလို့လည်း ပြောလို့ရတယ်
{T/N: ဦးထုပ်စိမ်းဆောင်းတယ်ဆိုတာက မိန်းမတစ်ယောက်ကဖောက်ပြန်တာကိုပြောတာ။}

ဒါပေမယ် ယွိ​သော်က သူတို့ထဲက ဘယ်သူ့ကိုမှ စိတ်ဝင်စားတဲ့ပုံမပေါ်တာကြောင့် ဒီတစ်ကြိမ်တော့ လွှတ်​ပေးလိုက်မယ်။

"​သော်​သော်၊ ဒါက အရင်က အမေ သမီးကို ပြောဖူးတဲ့ ယွီရန်လေ။ သူက နိုင်ငံခြားတွင် ဘွဲ့နှစ်ခုယူပြီး ခုမှပြန်လာတာရယ်။ သူနိုင်ငံခြားမှာရှိနေတာ တော်တော်ကြာပြီဆိုတော့ သေချာပေါက်တော်မှာပဲ။ သမီးမေးစရာ​​​လေးတွေရှိရင် သူ့ကိုမေးလို့ရတယ်"

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now