《အခန်း၁၁၉》

3.4K 310 8
                                    

“နောက်တစ်ခုက မင်းမရီး ခုတလော နေသိပ်မကောင်းသလိုပဲ။ ဆေးစစ်ချက်က ခုထိဆေးရုံမှာပဲ ရှိသေးတယ်မလား။ အချိန်ရရင် ဘာလို့ ဆေးစစ်ချက်က မထွက်လာသေးတာလည်းဆိုတာ ကိုယ်တိုင် သွားစစ်ဆေး​ကြည့်လိုက်။”  ထိုနေရာ၌ ဖုစစ်နျန်၏ မျက်လုံးများ အနည်းငယ် မည်းနက်သွားကာ "အားချီ!"

အားချီ ရုတ်တရက် အာရုံပြန်ဝင်လာပြီး "ဟမ်၊ အစ်ကိုကြီး"

“အခုနောက်ပိုင်း မင်းစိတ်နဲ့လူနဲ့ သိပ်မကပ်သလိုပဲ။ ဘာတွေဖြစ်နေတာလဲ?"

"ဘာမှမဟုတ်​ပါဘူး!" အားချီ၏ မသိစိတ်က တုံ့ပြန်မှုကြောင့် ဖုစစ်နျန် မျက်မှောင်ကြုတ်သွားခဲ့သည်။ အားချီသည် သူ့လေသံသည် သာမန်ထက် အသံမြင့်နေမှန်း မကြာမီတွင် သဘောပေါက်လိုက်ပြီး ပြုံးလိုက်သည် "ဘာမှမဟုတ်ပါဘူး။ ကျွန်တော် ခုတလော ကောင်းကောင်းအိပ်မပျော်လို့ပါ”

ဖုစစ်နျန်၏ မျက်လုံးများ မည်းနက်သွားပြီး "ဒီအတောအတွင်းမှာ မင်းအရမ်းခက်ခဲမှာပဲ။ ပရောဂျက်က နောက်တစ်ဆင့်တက်ပြီးသွားရင် မင်းကို ကောင်းကောင်း အနားယူဖို့ ရက်နည်းနည်းလောက် နားရက်ပေးမယ်။”

အားချီသည် တုံ့ဆိုင်းပြီး ဆုံးဖြတ်ချက်မချနိုင်တော့တာကြောင့် ဖုစစ်နျန်၏မျက်လုံးများကို မကြည့်ရဲပေ။  ဒီရက်ပိုင်းမှာ သူအရမ်းစိုးရိမ်မိ​နေတယ်။

ဖုစစ်နျန်သည် သူ့ဘေးနားရှိ လက်ထောက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ထောက်သည် အားချီအား ကားသော့ကို ချက်ချင်းပေးလိုက်သည်။

အားချီသည် ခဏမျှ အံ့အားသင့်သွားသည်။

“ယူလိုက်။ မင်း ဒီပြိုင်ကားကိုဝယ်ဖို့ ပိုက်ဆံစုနေတယ် ပြောခဲ့တယ်မဟုတ်ဘူးလား။ မင်းမွေးနေ့ကရောက်တော့မှာဆိုတော့ အစ်ကိုကြီးပေးတဲ့ မွေးနေ့လက်ဆောင်လို့ပဲ မှတ်လိုက်ပါ။"

"အစ်ကိုကြီး၊ မလိုပါဘူး! ဒါက အရမ်းစျေးကြီးလွန်တယ်!"  အားချီသည် ဒီပြိုင်ကား၏စျေးနှုန်းကို သိသည်။ ဂဏန်းရှစ်လုံးရှိပါသည်။ သူမှာရှိ​နေသမျှအကုန်လုံးနီးပါးကို သူ့အစ်ကိုကြီးက ပေးခဲ့ပေမဲ့ ဒီလောက်စျေးကြီးတဲ့လက်ဆောင်ကိုတော့ သူလက်မခံနိုင်ပေ။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now