《အခန်း၈၁》

3.7K 399 3
                                    

ယွီရန်က သူမရဲ့ရည်းစားဟောင်းဖြစ်ကြောင်နဲ့ အတိတ်ကအကြောင်း​တွေကို ရိုးသားစွာ ပြော​ပြလိုက်ရုံနဲ့ ဖုစစ်နျန်ရဲ့နှလုံးသားထဲက သံသယတွေကို လုံးလုံးဖြေရှင်းနိုင်မှာပါ။

ဒါကိုတွေးပြီးတော့ ယွိ​သော်က ထပြီး တတိယထပ်ကို ရဲရင့်စွာ လျှောက်သွားလိုက်တယ်။

သူမ စာ​ကြည့်ခန်းတံခါးဝသို့ ရောက်သောအခါ၊ ယွိသော်သည် အတွင်းထဲသို့ ဝင်ရန် သတ္တိမရှိပေ။ အစား သူမသည် စာ​ကြည့်ခန်းတံခါးရှေ့တွင် အပြန်ပြန်အလှန်လှန် လမ်းလျှောက်​နေခဲ့သည်။  အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူမစိတ်ကိုဆုံး​ဖြတ်လိုက်သည်။  စာ​ကြည့်ခန်းရဲ့တံခါးကို ခေါက်တော့မည့်အချိန်တွင် တံခါးကပိတ်မထားကြောင်း သိလိုက်ရသည်။  သူမလက်ကို တံခါးလက်ကိုင်ပေါ်တင်ပြီး တံခါးကို အနည်းငယ်ဖွင့်လိုက်သည်။

"...သတ်၊ ဓားနဲ့လှီးပြီးရင် ပင်လယ်ထဲကို ပစ်ချလိုက်"

ရုတ်တရက် ဖုစစ်နျန်၏ ပြင်းထန်သော စကားလုံးများသည် စာကြည့်ခန်းမှ ထွက်ပေါ်လာသည်။

…ခဏလေးနေပါဦး။

ယွိ​သော်သည် သူမ၏လက်ကို တံခါးလက်ကိုင်မှ အမြန်​ပြန်ဆွဲပြီး ဘေးဘက်သို့ လှည့်လိုက်သည်။ သူမ၏ ပြင်းထန်စွာ ခုန်နေသော နှလုံးခုန်သံကဲ့သို့ သူမ၏လက်သည်လည်း တုန်ရီနေသည်။

'ဒီလူ့အဖွဲ့အစည်း​ကြီးကို ဥပဒေနဲ့ အုပ်ချုပ်တာလေ။ ဒါက​တော့ အရမ်းဥပဒေမမဲ့လွန်းဘူးလားလို့!'

ဘာပဲဖြစ်ဖြစ် သူမသည် ဒီကိစ္စကို ထုတ်ပြောလို့မရပေ။  ဖုစစ်နျန်က သူမရဲ့အတိတ်ကို ဂရုမစိုက်သည်ကို သူမသေချာပါ။ တကယ်လို့ သူမသာ ရည်းစားဟောင်းနဲ့ ဇာတ်လမ်းကို ရှင်းပြလိုက်လို့ ဖုစစ်နျန်က စိတ်အနှောင့်အယှက်ဖြစ်သွားရင် သူမသည် ရက်စက်ကြမ်းကြုတ်သော သေခြင်းမျိုးဖြင့် သေဆုံးရမည် မဟုတ်ပါလား။

ဒါပေမဲ့ ဖုစစ်နျန်က သိပြီးတော့ သူမလာဝန်ခံတာကို စောင့်နေရင်ရော...

မနေ့က ဝန်ခံဖို့အခွင့်အရေးပေးခဲ့​သေးတယ်မလား။

မဟုတ်ဘူး၊ သူ မနေ့က ငါ့ကိုလှည့်စားလိုက်တာလေ။

[Completed]မုဆိုးမလေးကသူမရဲ့ဆုံးပါးသွားတဲ့ဗီလိန်ယောကျ်ားကိုလွမ်းနေတယ်Where stories live. Discover now